လူ့အခွင့်အရေးကောင်စီက တင်သွင်းသည့် စာတမ်းနှင့်ပတ်သက်၍ ကုလသမဂ္ဂအစည်းအဝေးပွဲတွင် ဆွေးနွေး၊ မြန်မာစစ်တပ်အား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးသို့ တင်သွင်းရေး ပြတ်သွားစွာ လုပ် ဆောင်ပေးရန် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆို
D Day News
နိုဝင်ဘာလ ၈
လူ့အခွင့်အရေးကောင်စီက တင်သွင်းသည့် စာတမ်းနှင့်ပတ်သက်၍ ကုလသမဂ္ဂအစည်းအဝေးပွဲတွင် ဆွေးနွေးခဲ့ပြီး မြန်မာစစ်တပ်အား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးသို့ တင်သွင်းရေး ပြတ်သွားစွာ လုပ် ဆောင်ပေးရန် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း တောင်းဆိုလိုက်ကြောင်း သိရသည်။
နိုဝင်ဘာလ ၅ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသော ၇၉ ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ မျက်နှာစုံညီအစည်းအဝေးတွင် လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးမှုတစ်ရပ်ကျင်းပခဲ့ကြောင်း သိရသည်။
ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံအရေးကိစ္စသည့် ကမ္ဘာပေါ်၌ ဖြစ်ပျက်နေ သော အခြားသောတင်း မာမှုများအကြား၌ မကြာခဏဆိုသလို မှေးမှိန်ပျောက်ကွက်လျက် ရှိကြောင်း၊ သို့ရာတွင် မြေပြင်၌ ဖြစ်ပွားနေသည့်အခြေအနေများမှာ မကောင်းရာတွင် ဆိုးရွား၊ ဆိုးရွားရာမှ ထိတ်လန့်ဖွယ် အဆင့်သို့ ပင် ပြောင်းလဲရောက်ရှိနေကြောင်း၊ ထို့ကြောင့် လူ့အခွင့်အရေးကောင်စီ က မြန်မာ့အရေးကိစ္စကို ဆက်လက် စောင့်ကြည့်ပေးနေခြင်းမှာ အဖိုးမဖြတ်နိုင်ဘဲ ပြည်တွင်း ပကတိအခြေအနေကိုပါ အ ထောက် အကူဖြစ်စေ လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံ အ မတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
ယေဘုယျအားဖြင့် လူ့အခွင့်အရေးကောင်စီ၌ အတည်ပြုခဲ့သော ဆုံးဖြတ်ချက်အဆို (၂) ခု သည် မြန် မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆိုးရွားသော လူ့အခွင့်အရေးအခြေအနေများ၊ ကုလသမဂ္ဂမှ တက်ကြွ သည့်ကဏ္ဍမှ ပါဝင်ရန်လိုအပ်ချက်၊ အထူးလုပ်ပိုင်ခွင့်အာဏာရှိ သော လူပုဂ္ဂိုလ်များနှင့် ပိုမို ထိတွေ့ ဆက်ဆံရေးနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံမှ အာရုံစူးစိုက်မှုရှိရေးနှင့် ထိရောက်သော အရေး ယူ ဆောင်ရွက်ချက်များအား တောင်းဆို ခြင်းတို့ကို ဖော်ပြထားကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က မတရားအာဏာသိမ်းခဲ့မှုကို ကန့်ကွန်ရှုတ်ချ ကြောင်း၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူများ အားလုံးကို ပြန်လည်လွှတ်ပေးရေး၊ စစ်အုပ်စုမှ ပြည်သူများအပေါ် လေကြောင်း တိုက်ခိုက်မှုများနှင့် သတ်ဖြတ်ခြင်းများအား ရပ်တန့်ရေး၊ လူ့အခွင့် အရေး အလွဲသုံးစား ပြုမှုနှင့် ချိုးဖောက်မှုတို့ အတွက် အသုံးချနိုင်ချေရှိသော လက်နက်နှင့်နည်း ပညာများအား လွှဲပြောင်း၊ တင်ပို့၊ ရောင်းချခြင်းများအား ရှောင်ကြဉ်ရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာများ မြန်မာနိုင်ငံသို့ ဘေးကင်းစွာ၊ ဆန္ဒအလျောက် သိက္ခာရှိရှိ ပြန်လည်သွား ရောက်နိုင်ရန် တို့ကို လူ့အခွင့်အရေး ကောင်စီက တောင်းဆိုထားကြောင်း သိရသည်။
အဓိကအားဖြင့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို 55/20 က မြန်မာနိုင်ငံတွင် ဖြစ်ပွားနေ သည့် လိမ်လည်မှုခင်းများ အပါအဝင် နယ်စပ်ဖြတ်ကျော် မှုခင်းလုပ်ငန်းများ ကြောင့် သတိချပ်ဖွယ် ဖြစ်ပေါ်လျက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ပြထားကြောင်း၊ အလားတူ လူ့အခွင့် အရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို 55/20 နှင့် 56/1 များမှာ ကျူးလွန်သူများမှ ခံစားခွင့်ရနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်နှင့် မြန်မာနိုင်ငံရှိ ပြည်သူပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးနှင့် မိန်းက လေးငယ်များ၊ ကလေးငယ်များ၊ ရိုဟင်ဂျာများနှင့် အခြားသော လူနည်းစုများ နေ့စဉ်ကြုံတွေ့နေရ သည့် ဆင်းရဲဒုက္ခများ အတွက် အလေးထားရမည့် သတိပေးချက်များပင်ဖြစ်ကြောင်း သိရသည်။
မတရား စစ်အာဏာသိမ်းထားသည့် နှစ်ကာလများတစ်လျှောက်တွင် စစ်အုပ်စုအနေဖြင့် အာဏာ ဆုံးရှုံး၍ နယ်မြေအုပ်စိုးမှု မရှိတော့သည်နှင့်အမျှ နိုင်ငံတစ်ဝှမ်းရှိ အရပ်သား ပြည်သူများ အပေါ် စစ် မက်ပြုခြင်းကို ချဲ့ထွင်လာခဲ့ကြောင်း၊ လူမဆန်သည့် စစ်ကောင်စီနှင့် ၎င်း၏ တပ်သားများက လူ အ များ သေကြေပျက်စီးနိုင်သည့် ရက်စက်ကြမ်းကြုတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နေ့စဉ် ကျူးလွန်လျက်ရှိကြောင်း၊ ထို့ကြောင့် မည်သူတစ်ဦး တစ်ယောက်ကမျှ မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခများကို သေးသိမ်စေရန် လုပ်ဆောင်ခွင့်မရှိကြောင်းနှင့် မရေမတွက်နိုင် သောဘဝများမှာ ယခင်က မကြုံ တွေ့ဖူးသည့် အခြေ အနေများဖြင့် ဖျက်ဆီးခံထားရပြီး ဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီက ထောက်ပြ ထားသည်။
အခြားတစ်ဖက်တွင်လည်း ရိုဟင်ဂျာများနှင့် အခြားသော လူနည်းစုများ၏ ဒုက္ခသည် လည်း မတရား စစ်အာဏသိမ်းမှု နောက်ပိုင်းတွင် သာလွန်ဆိုးရွားသည့်အဆင့်သို့ ရောက်ရှိ လာခဲ့ကြောင်း၊ ဘင်္ဂလား ဒေ့ရှ်နှင့် အခြားသော ဒေသတွင်းနိုင်ငံများအနေဖြင့် ဒုက္ခသည် ဦးရေ မြင့်တက်လာမှု၏ဒဏ်ကြောင့် ဝန်တာပိနေရကြောင်း၊ သို့ရာတွင် ပြည်တွင်း၌ ကျူးလွန်သူများအား အရေးမယူနိုင်ပါက အဆိုပါ အုပ် စုများမှ ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာနှင့် ဆန္ဒအလျောက် နေရပ်ပြန်နိုင်မည့် ဝန်းကျင်ကောင်း တစ် ခုကို ဖန်တီးနိုင်မည် မဟုတ်ကြောင်း အသိပေးထားသည်။
မည်သို့ပင်ဆိုစေ စစ်အုပ်စုက ၎င်းတို့လုပ်ဆောင်ချက်များအား နောက်ပြန်လှည့်နိုင်သည့် အရိပ်အ ယောင် စိုးစဉ်းမျှ မပြထားကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုက် အဝန်း၏ တောင်းဆိုချက်များကို ပြောင်ပြောင်တင်းတင်း မျက်ကွက်ပြု ထားလျက်ရှိကြောင်း၊ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်နှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို ၂၆၆၉ တို့က ပြဿနာအား ဖြေရှင်းပေးရန် ရည်ရွယ်ထားသော်လည်း စစ်ကောင်စီ အနေဖြင့် အဆိုပါ ဆုံးဖြတ် ချက်များပါ ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်မည့် ဆန္ဒ အလျဉ်းမရှိပါကြောင်း ကုလသမဂ္ဂ ဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
ယင်းအစား စစ်ကောင်စီက ပြည်သူများ၏ ဆန္ဒနှင့်သာမက ဒီမိုကရေစီစံနှုန်းများနှင့်ပါ ဖြောင့်မတ်စွာ ဆန့်ကျင်သွေဖြီသည့် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပရန် စီစဉ်လျက်ရှိကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအား နိုင်ငံရေး ထွက် ပေါ်တစ် ခုအဖြစ် လှည့်စားမခံသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာပြည်သူများက ၎င်းတို့၏ ဆန္ဒအမှန်ကို လွတ်လပ်၍ မျှတသော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲမှတဆင့် ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ပြီး စစ်ကောင်စီ အနေဖြင့် ပြည်သူများ၏ မျှော်မှန်းချက် ကို အတိအလင်း လစ်လျူရှုခဲ့ကြောင်း၊ အဆိုပါ စစ်အုပ်စု အနေဖြင့် တရားဥပဒေကြောင်းနှင့် ကိုယ် ကျင့်တရားတို့အရ အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အခွင့်အာဏာ မရှိကြောင်း၊ ၎င်း တို့ ကျင်းပမည့် မည်သည့် ရွေးကောက်ပွဲ မဆို လွတ်လပ်၊ မျှတ၍ အားလုံး ပါဝင်မှု ရှိမည်မဟုတ်ဘဲ ပဋိပက္ခ များကိုသာ ပိုမိုရှည်လျားစေမည် ဖြစ်ကြောင်း၊ မြန်မာ ပြည်သူများအနေဖြင့် အဆိုပါ အတုအ ယောင် ရွေးကောက်ပွဲအား အပြင်း ထန်ဆုံး ကန့်ကွက်သကဲ့သို့ နိုင်ငံတကာအသိုက်အဝန်းမှလည်း အလားတူ လုပ်ဆောင်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော် မိုးထွန်းက တောင်းဆိုထားသည်။
ထို့အပြင် လူ့အခွင့်အရေးကောင်စီ၏ တောင်းဆိုချက်များ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ် စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်လောင်း တောင်းဆိုထားပြီး လူ့အခွင့်ရေး ကောင်စီ အနေ ဖြင့် မြန်မာ့အကျပ်အတည်းအား ဖြေရှင်းရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ဆက်လက်ပါ ဝင်ပေးရန် ဆက်လက်တောင်းဆိုထားသည်။
အလားတူ လိုအပ်နေသူများထံသို့ သင့်လျော်၊ ထိရောက်၍ အဟန့်အတားမရှိသော လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို ပြိုင်တူလုပ်ဆောင်သည့် ယန္တရားမှ တဆင့်ပို့ဆောင်ပေးခြင်းဖြင့် စစ် အုပ်စုမှ မလိုလားအပ်ဘဲ အပိုစောင်း ဖန်တီးထားသော လက်ငင်း လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ ခြိမ်းခြောက်မှုများကို လျော့ပါးစေနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
ထို့နည်းတူ စစ်ကောင်စီနှင့်တကွ ၎င်း၏ အနွယ်အပွားများကိုလည်း တာဝန်ခံမှု ရှိစေရမည်ဖြစ်ပြီး နစ် နာသူများနှင့် ၎င်းတို့၏ မိသားစုများအတွက်လည်း တရားဥပဒေကြောင်းအရ မျှတမှုဖြင့် ပြန်လည် ကုစားပေးရမည်ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးမှ တောင်းဆိုထားသည့် မြန်မာအရေးကိစ္စ တစ်စုံလုံးအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံးသို့ တင်သွင်းရေးအတွက် ပြတ်သားစွာ လုပ်ဆောင်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြထားသည်။
အကြမ်းဖက်မှုစက်ဝန်းအား ရပ်တန့်ရန်နှင့် တာဝန်ခံမှု ရှိစေရန် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား ချုပ်ငြိမ်း ခြင်းအပြင် အခြားသော နည်းလမ်း မရှိကြောင်း၊ သို့ဖြစ်ရာ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားမှ သက်သေ အထောက်အထားများ စုဆောင်းနိုင် ရေးအတွက် လိုအပ်သည့် အရင်းအမြစ်များ ထောက်ပံ့ပေးရန်နှင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ၎င်းက တိုက်တွန်းတောင်းဆိုထားသည်။
အထွေထွေညီလာခံအနေဖြင့်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင် နိုင်မည် ယုံကြည်ကြောင်း၊ တတိယကော်မတီတွင်လည်း ခိုင်မာသည့် မြန်မာနိုင်ငံဆိုင်ရာ အဆို ဆုံးဖြတ်ချက် ချမှတ်ရေးသည် လည်း အထူး အရေးပါကြောင်း၊ တစ်ပြိုင်တည်းမှာ ပင် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန်နှင့် အရပ်သားပြည်သူများ၏ အသက်အိုးအိမ်ကို ကယ်တင်ပေးရန် လုံခြုံရေးကောင်စီမှ ထိရောက်စွာ ဆောင်ရွက်ရေး အား တောင်းဆိုနိုင်မည့် အထွေထွေညီလာခံ အဆိုဆုံးဖြတ်ချက်တစ်ခု ချမှတ်ရေးကို လည်း စဉ်းစားရမည်ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ထိရောက်သော အရေးယူဆောင်ရွက်ချက်များ စောင့်ဆိုင်းနေစဉ်မှာပင် စစ်ကောင်စီ၏ ရက် စက်ကြမ်းကြုတ်မှုများအား ရပ်တန့်နိုင်ရန်နှင့် ပြည်သူများအပေါ် အကြမ်းဖက်မှု လျော့ကျ စေရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိ၍ ပစ်မှတ်ထားသော အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရန် ဆက်လက်တိုက်တွန်းတောင်းဆိုထားသည်။
စစ်ကောင်စီထံသို့ လေယာဉ်ဆီ အပါအဝင် လက်နက်၊ ခဲယမ်း၊ နှစ်မျိုး သုံး ပစ္စည်းများနှင့် ငွေကြေးတို့ ထောက်ပံ့ပေးမှုတွင် ပါဝင်နေသည့် နိုင်ငံများအနေဖြင့် အဆိုပါ လုပ်ဆောင်ချက်များကို မဖြစ်မနေ ရပ်တန့်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော် မိုးထွန်းက ပြောကြားသည်။
အောက်တိုဘာလ ၂၉ ရက်နေ့က တတိယကော်မတီ၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ စု ပေါင်းဆွေးနွေးမှု အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ်က မြန်မာနိုင်ငံအရေးကိစ္စသည် မျက်ကွယ်ပြု၍ မရသော ဒေသတွင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ သက်ရောက်မှုများ ရှိနေသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့အနေဖြင့် လူ့အခွင့်အရေးကောင်စီ၏ ဆုံး ဖြတ်ချက်များနှင့် အကြံပြုချက်များကို အနီးကပ် အာရုံစိုက်ကာ အရေးယူဆောင်ရွက်ချက်များ အချိန် မှီ ပြုလုပ်သင့်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကျပ်အ တည်းအား ဖြေရှင်းရာတွင် မြန်မာပြည်သူများ၏ မျှော်မှန်းဆန္ဒနှင့်အညီလည်းကောင်း၊ Special Procedure Mandate Holder များ၊ OHCHR၊ အပြည်ပြည်ဆိုင်ရာတရားရုံးနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတို့နှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်၍လည်းကောင်း ကူညီ လုပ်ဆောင်ပေးကြပါ ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆို ထားသည်။
D Day News