Tanintharyi News

0 0
Read Time:2 Minute, 54 Second

ကျွန်းစုမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

နိုဝင်ဘာလ ၆

 

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်နှင့်ဘုတ်ပြင်းမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ် အတွက် အလုပ် လုပ်ပေးနေသူ ၂ ဦးပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

 

အောက်တိုဘာလ ၂၆ ရက်ည ၉ နာရီအချိန်တွင် ကျွန်းစုမြို့နယ်၊ ‌ကော်ဇယာကျေးရွာအုပ်စု၊ ကျောက် ပိတ်ကျေးရွာရှိ နာရေးအခမ်းအနားတစ်ခုသို့ ရောက်ရှိနေသော ကွန်းစုမြို့နယ်၊ ကျောက်ကုန်းကျေး ရွာ အုပ်ချုပ်ရေးမှူး အောင်ဇော်နှင့် ဘုတ်ပြင်းမြို့နယ်၊ ရွှေခဲညိုကျေးရွာသား မူးယစ်ဆေးဝါးရောင်း ဝယ်သူ ကြောင်ခေါင်းဆိုသူတို့ကို အမည်မသိလက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသွား ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် ကျွန်းစုမြို့နယ်၊ ကျောက်ကုန်းကျေးရွာသား အုပ်ချုပ်ရေးမှူး အောင် ဇော်ကို ကျောက်ပိတ်ကျေးရွာ တံတားတွင် သေနတ်ဖြင့် ၁၄ ချက်တိတိပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုကျေးရွာသား မူးယစ်ဆေးဝါးရောင်ဝယ်သူ ကြောင်ခေါင်းဆိုသူကိုလည်း ဆက်လက်ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံရသည်ဟု သတင်းရရှိထားကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။

 

“ဘယ်အဖွဲ့ကလုပ်တာလဲ မသိရဘူး၊ ကျနော်တို့အဖွဲ့နဲ့ မသက်ဆိုင်ပါဘူး။ ပြည်သူတွေက လက်နက် ကိုင်ထားရင် PDF လို့ပဲ ထင်နေကြလို့ ထုတ်ပြန်လိုက်တာပါ။ အုပ်ကြီးအောင်ဇော်က ကျွန်းမြို့နယ်၊ ကျောက်ကုန်းရွာကပါ၊ ကြောင်ခေါင်းက ဘုတ်ပြင်းမြို့နယ်၊ ရွှေခဲညိုရွာသားပါ၊ သူက မူးယစ်ဆေးဝါး ရောင်းဝယ်နေသူသိရပါတယ်” ဟု ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

 

အဆိုပါ ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ နှင့်လုံးဝ (လုံးဝ) သက်ဆိုင်ခြင်းမရှိပါကြောင်း၊ ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှချမှတ်ထားသော မူဝါဒ၊ စစ်သည် တော်ကျင့်ဝတ်နှင့်အညီ လိုက်နာကျင့်သုံးနေသော အဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်အသိထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *