ချောင်းဦးမြို့နယ်တွင် စစ်ကြောင်းနှင့်ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်မှု ၁၀ ဦး သေဆုံးဟုဆို
D Day News
နိုဝင်ဘာလ ၇
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ဆက်ကြေးကောက် နေသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa အဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်မှထွက်လာပြီး မုံရွာ -မန္တလေးလမ်းမပေါ်တွင် ခရီးသွားပြည်သူများကို ဖမ်းဆီးပြီး မိုင်းရှင်းလင်းရေး လုပ်ဆောင်ခိုင်း ခဲ့ကြောင်း၊ ထို့ကြောင့် မိုင်း ၂ လုံးပွိုင့်တစ်ပွိုင့်မဆွဲလိုက်ရပဲ ရှောင်ပေးလိုက်ရကြောင်း သိရသည်။
ထို့နောက် ကျန်ရှိနေသော ပဒေသာမိုင်း ၂ လုံးထောင်ထးသည့် တစ်ပွိုင့်ပေါ်သို့ အကြမ်းဖက်စစ်သား များတက်လာသဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူများ လည်းရှိကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁ ရက်နေ့ကလည်း ချောင်းဦးမြို့နယ်၊ သံလွင်မြန်မာဆီဆိုင်အနီးတွင် ပိုက်ဆံကောက် နေသော အကြမ်းဖက်စစ်သားများကို အနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို People’s Defence Force – South Monywa ၊ Youth Vigor Revolution Force နှင့် Shining Star Local Defense Forceတို့က ပူးပေါင်းကာ လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။
D Day News