0
0
Read Time:1 Minute, 4 Second
ကဗျာ ကဏ္ဍ “တပ်ပျက်”
ပျိုးကြဲလက်
ဪ…
ငယ်ဘဝကိုလ
သတိရရင် ဒေါသရယ်ထွက်ပါဘိ
ပြည်ဖျက်ရာ လမ်းကိုမှ
အတည်မက်စွာ လှမ်းမိပါ့
မှန်းဆတဲ့ စစ်မြေနန်းရယ်က
ဘဝနွမ်းလို့ အသက်တို ။
တပ်အဝင် တားသူအများကိုလ
ကြွားခဲ့တာ ပုံပမာခိုင်းလို့
လေတိုက်တိုင်း သစ်ရွက်မကြွေပါဘု
ရန်သူတွေ သံထွေမစားသရွေ့
အားရှိလို့ကို ။
တပ်မြေမှ အခြေကျပြန်တော့
ငတ်နေရာ အမေတပါပေါ့
ဗိုလ်တထောင် ရဲမက်တစ်ယောက်ရယ်နဲ့
မကြောက်တတ်လျှင် အမျက်ပို
ဘေးအလိုလို တွေ့မြဲ ။
တပ်ပျက်စရာ အကြောင်းဖန်တာက
ထပ်လျှက်မကွာ မကောင်းကြံပြန်လို့
အာခံကာ ပြည့်အာဏာလုပါဘိ
ဖားတုခရုခုန် အိုင်ပျက်ရုံရှိမပေါ့
ကိုယ်ကျိုးကြည့်လို့ သူပုန်ထတယ်
ခွေးကျကျဆဲ ။ ။
ပျိုးကြဲလက်
ကဗျာရေးချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် နံနက် ၇ နာရီ ၅၈ မိနစ်
D Day News