Magway News

1 0
Read Time:2 Minute, 41 Second

ဧရာဝတီမြစ်အနောက်ဘက်ကမ်း ထိန်းချုပ်နိုင်ရေးအတွက် ငဖဲမြို့နယ်တွင် စစ်ကောင်စီကင်းစခန်း ၂ ခုကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၀ ဦးခ ခန့်သေဆုံး

 

D Day News

နိုဝင်ဘာလ ၇

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကင်းစခန်း ၂ ခုကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့်သေဆုံးသွားကြောင်း PRA – Magway က ထုတ်ပြန်သည်။

 

နိုဝင်ဘာလ ၅ ရက် နံနက် ၁၁ နာရီ ၃ မိနစ်အချိန်က ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘော လမ်းဆုံနှင့် မိုင်တိုင် ၁၁တို့ရှိ အမ်း-ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားသော စစ်ကောင်စီ၏ ကင်း စခန်းနှစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးခန့်သေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး သေဆုံးဒဏ်ရာရရှိသူများကို ကား၊ ဆိုင်ကယ်များဖြင့် နတ်ရေကန်လမ်းဟောင်းအ တိုင်းသယ်ထုတ်သွားကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်နေစဉ် အကြမ်းဖက်စစ်ကူများ ရောက်ရှိလာကာ နှစ်ဖက်ညှပ် ပစ်ခတ်လာ ခြင်းနှင့် နတ်ရေကန် လေကြောင်း ရန်ကာကွယ်ရေးတပ်မှ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ဆက် တိုက်ပစ်ခတ်တိုက်ခိုက်လာခြင်းကြောင်း စခန်းသိမ်းနိုင်ခြင်းမရှိပဲ ပြန်လည် ဆုတ်ခွာခဲ့ရသည်ဟု ဆို သည်။

 

အဆိုပါ တိုက်ခိုက်မှုကို လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) ၊ အရှိုချင်းကာ ကွယ်ရေးတပ် (ACDF) နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်း တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသ ထိန်းချုပ်စိုးမိုးနိုင်ရေးသည် မိမိတို့တော်လှန်ရေး အင်အားစု များ ၏ စစ်ရေး ရည်မှန်းချက်ဖြစ်ပြီး ယခု အမ်း-ပဒါန်းလမ်းပိုင်းထိန်းချုပ်နိုင်ရေးသည် စစ်ရေးရည် မှန်းချက်၏ ရှေ့ပြေးလှုပ်ရှားမှုဖြစ်ကြောင်း၊ ထို့နောက်တွင် ဒေသအသီးသီးရှိ စစ်နယ်ဝန်းတိုးချဲ့လာမှု နှင့် အတူ တညီတညွတ်တည်း စုပေါင်းအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *