ကော့သောင်းမြို့နယ်အတွင်းလှည့်လည်ကာ ပြည်သူများကို ဖမ်းဆီး၊ မီးရှို့နေသော စစ်သားများကို တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ
D Day News
နိုဝင်ဘာလ ၆
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းဒေသရှိ ပြည်သူများကို ဖမ်းဆီးပြီး နေအိမ်များကို မီး ရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေ ဆုံးမှုရှိကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖထံမှ သိရသည်။
အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်၍ ကော့သောင်းမြို့နယ်၊ မလိဝမ်းဒေသတဝိုက်ကို အကြမ်း ဖက်စစ်တပ်က အင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ၂၂ မိုင်ကျေးရွာ နှင့် ၁၉ မိုင်ကျေးရွာတို့အတွင်းသို့ ဝင်ရောက်ပြီး ပြည်သူ ၂၀ ဦးခန့်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁ ရက် နံနက် ၉ နာရီအချိန်တွင် မလိဝမ်းကျေးရွာအနီး ဒေသအခေါ် ဂေါရင်ချောင်း အတွင်းသို့ ဝင်ရောက်လာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ပျံလွှား LPDF တပ်ဖွဲ့မှ မိုင်း ၇ လုံးဖြင့် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
“ထိတာတော့ တော်တော်များများထိတယ်၊ သေတာတေ့ စာရင်းအတိအကျ မသိရသေးဘူး။ မိုင်းထိ တဲ့ခွေးတွေကိုလည်း လှေနဲ့ပြန်ပြီးတော့ သယ်သွားတယ်လေ။ တိုက်ပွဲဖြစ်ပြီးတော့ မီးရှို့သွားသေး တယ်၊ လက်ရှိတော့ ခမောက်ကြီး အမှတ် ၄ တံတားမှာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေး နေတာတွေရှိတယ်။ ဒီနေ့ဖြစ်စဉ်ပေါ့၊ ညတုန်းကလည်း ကား ၂ စီးနဲ့ ထပ်ပြီးတော့ အင်အားဖြည့် ဆင်းလာတယ်။ လှုပ်ရှားနတာရှိတယ်။ ကင်းပုန်းဝပ်တာတို့ လမ်းသွားလမ်းလာတွေ စစ်ဆေးတာတို့ အဲဒါမျိုးတွေတော့ရှိတယ်” ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
ထိုနောက် နိုဝင်ဘာလ ၁ ရက် နံနက် ၁၁ နာရီအချိန်တွင် ဂေါရင်ချောင်းအတွင်းရှိ ဥယျာဉ်ခြံများအ တွင်းမှ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူအချို့ကိုလည်း ဖမ်းဆီးသွားကြောင်း၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ကော့သောင်းမြို့မှ စက်လှေအကြီးတစ်စီးဖြင့် အကြမ်းဖက်စစ်သား ၁၀၀ ခန့် ကို မလိဝမ်းကျေးရွာအနီး ဒေသအခေါ် တိုက်ဖြူသို့ လာရောက်ပို့ဆောင် အင်အားဖြည့်တင်းကာ ၎င်း စက်လှေဖြင့် မိုင်းထိစစ်သားများကို သယ်ဆောင်ပြီး ကော့သောင်းမြို့သို့ ပြန်သွားကြောင်း သိရသည်။
ထပ်မံအင်းဖြည့်တင်းထသည့် အကြမ်းဖက်စစ်ကြောင်းသည် နိုဝင်ဘာလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ဂေါရင်းချောင်းအတွင်းရှိ ပြည်သူ့နေအိမ်များ၊ ဥယျာဉ်ခြံမြေများကို ထပ်မံမီးရှို့ဖျက် ဆီးခဲ့ကြောင်း သိရသည်။
D Day News