Sagaing News

0 0
Read Time:1 Minute, 54 Second

မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်

 

D Day News

နိုဝင်ဘာလ ၆

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ် ဆီ တင်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ နိုဝင်ဘာလ ၄ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်က စစ်ကိုင်းဘက်မှ မုံရွာဘက်သို့ တက် လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်ဆီယာဉ်နှင့် လုံခြုံရေးလိုက်ပါလာသော ယာဉ်တန်း အစီး ၂၀ အနက် အလယ်တန်းကား ၃ စီးကို မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီး အရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကာ အကြမ်းဖက်စစ်သား သေဆုံး ထိခိုက်မှု ရှိ၊ မရှိသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“အပြန်အလှန် ပစ်ခတ်မှုက ၁၀ မိနစ်လောက်ပါပဲ။ ကင်းပုန်းတွေက များနေတာရယ်၊ ကျနော်တို့ တပ်ဖွဲ့ကလည်း အင်အားနည်းနေတာရယ်ကြောင့် အင်အားမမျှလို့ ပြန်ဆုတ်ခဲ့ရတာပါ။ ဘယ်အချိန် ထွက်လာတာလဲတော့ မသိဘူး။ အုန်းတောနားရောက်နေပြီသတင်းရလို့ တက်ပစ်ခဲ့တာပါ။ ထိခိုက် သေဆုံးမှုကတော့ စုံစမ်းလို့မရသေးဘူး” ဟု Dog Killers People’s Defence Force Myinmu တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu(DK-PDF MMU) ရဲဘော် များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *