မြိုင်မြို့နယ်၊ တွင်းမရွာမှ ပျူစောထီးများ ကင်းပတ်ထွက်လာစဉ် စောင့်ကြိုတိုက်ခိုက်မှု ပျူစောထီး ၃ ဦး သေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
D Day News
နိုဝင်ဘာလ ၆
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာမှ ပျူစောထီးများ ကင်းပတ်ထွက်လာစဉ် စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း 8+ အညာမြေတပ်ပေါင်းစု ထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက် ၉ နာရီခန့်က မြိုင်မြို့နယ်၊ တွင်းမရွာမှ ပျူစောထီးများ ကင်းပတ် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသင့်စောင့်ကြိုပစ်ခတ်ခဲ့ရာ ပျူစောထီး ၃ ဦး သေဆုံးပြီး MA 16 အမျိုးအစား သေနတ် ၂ လက်၊ G3 အမျိုးအစား သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၁၈၀ ၊ G3 ကျည် အတောင့် ၈၀ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“သူတို့က အရင်ကတည်းက ထွက်နေကြ၊ အဲဒါကို ကြိုစောင့်ပစ်ခဲ့တာ၊ မျက်မြင်ကတော့ ၃ ဦး သေ တယ်၊ ကျနော်တို့က ဦးအောင်ပစ်ရတာ၊ ပြန်ပစ်တာက နည်းနည်းတော့ရှိတယ်။ အင်အားက ဘယ် လောက်ထွက်လာလဲ အတိအကျ မသိလိုက်ရဘူး” ဟု 8+ အညာမြေတပ်ပေါင်းစု သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ ရှိုင်းလေးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို 8 + အညာမြေ တပ်ပေါင်းစုဖြစ်သည့် M.V.P Revolution Force ၊ အလင်း တန်းပြောက်ကျားတပ်ဖွဲ့-မြိုင်၊ UAV Fighter ၊ မဟူရာအလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ Phoenix People Defence Force ၊ Scopion People Defence Force ၊ ဌေးအောင်ပြောက်ကျားတပ်ဖွဲ့ နှင့် ဇာမဏီ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
D Day News