Chin State News

0 0
Read Time:3 Minute, 21 Second

တွန်းဇံမြို့နယ်၊ မွာလ်ကွေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီလက်အောက်ခံ ZRA တပ်ဖွဲ့ ကို တိုက်ခိုက်မှု ၁၀ ဦးသေဆုံး

 

D Day News

နိုဝင်ဘာလ ၆

 

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ မွာလ်ကွေးရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် လက် အောက်ခံ ZRA တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ၁၀ ဦးသေဆုံးပြီး ချင်းလဲန်းပူးပေါင်းတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး ခဲ့ကြောင်း CDF Ton Zang တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ချင်းလဲန်းကောင်စီကာကွယ်ရေးဝန်ကြီး၏ ဦးဆောင်ကွပ်ကဲမှုအောက်တွင် အတူတူ လက်တွဲတိုက်ပွဲ ဝင်ကြသော ချင်းလဲန်းပူးပေါင်းတပ်ပေါင်းစုသည် စစ်အာဏာရှင်စနစ်၏ အုပ်စိုးမှုအောက်မှ လွတ် မြောက်နိုင်ရန်အတွက်  ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် တွန်းဇံမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ  မေလ ၂၃ ရက်နေ့တွင် တွန်းဇံမြို့၊ ကျီခါးမြို့အပါအဝင် တွန်းဇံမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီ လက် အောက်မှ အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ သိမ်းပိုက်နိုင်ခဲ့သော်လည်း အခြေအနေအရပ်ရပ်ကြောင့် CDF-Tonzang တပ်ဖွဲ့အပါအဝင် ချင်း လဲန်း ပူးပေါင်းတပ်ဖွဲ့သည် ကျီခါးမြို့တွင် တပ်မထိုင်ပဲ တွန်းဇံမြို့ပေါ်နှင့်အနီး တစ်ဝိုက်တွင်သာ တပ် ထိုင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့နှင့်ပူးပေါင်းသော ZRA တပ်ဖွဲ့က အခွင့်အရေးယူပြီး ကျီခါးမြို့တွင် တပ် အထိုင်ချခဲ့သည် ဟု ဆိုသည်။

ထို့အပြင် ကျီခါးမှတဆင့် CDF-Tonzang တပ်ဖွဲ့နှင့် CNA တပ်ဖွဲ့ကို အမြဲလိုလို ရန်မူဆက်ဆံကာ တွန်းဇံ မြို့ပြန်သိမ်းမည်ဆိုသည့်စကားကို အမြဲတမ်းလူကြုံပါး ရန်စလေ့ရှိကြောင်း၊ ထိုမှတစ်ဆင့် တွန်းဇံမြို့နှင့် ၁၅ မိုင်ခန့်သာဝေးသော မွာလ်ကွေးကျေးရွာတွင် နယ်မြေချဲ့လာခဲ့ပြီး တွန်းဇံမြို့ရန် စစ်ရေးပြင်ဆင်လာခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် CNA တပ်ဖွဲ့နှင့် CDF-Tonzang တပ်ဖွဲ့များက ချက်ချင်းသွားရောက် မွာလ်ကွေးရွာကို ဝိုင်းဝန်းပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ရာ ZRA တပ်ဖွဲ့ ၁၀ ဦးကျဆုံးပြီး အများအပြား ဒဏ်ရာ ရရှိကာ ရှုံးနိမ့်ထွက်ပြေးသွားကြောင်း၊ယင်းတိုက်ပွဲအတွင်း CDF-Tonzang တပ်ဖွဲ့မှ တာန် မုန်ဟွေ့ ပြောင်သည် အမိမြေနှင့် တိုင်းပြည် အတွက် အသက်ပေးလှူသွားခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ ZRA တပ်ဖွဲ့များသည် ချင်းလူမျိုးများဖြစ်သော်လည်း စစ်ကောင်စီနှင့်လက်တွဲကာ ချင်းလဲန်းကောင်စီနှင့်တွန်းဇံမြို့နယ်ကောင်စီ၏ အုပ်ချုပ်ရေးနယ်မြေများကို ထိပါးနှောက်ရှက်လာသော ကြောင့် မလွှဲမရှောင်သာ၍ တိုက်ထုတ်ခဲ့ခြင်းဖြစ်ပြီး ZRA တပ်ဖွဲ့များအား တွန်းဇံမြို့နယ်မှ အပြီးတိုင် ချေမှုန်းသွားမည်ဖြစ်ကြောင်း CDF-Tonzang တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *