မုံရွာ -မန္တလေးလမ်းမပေါ်တွင် အကြမ်းဖက်စစ်တပ်ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
D Day News
နိုဝင်ဘာလ ၅
မုံရွာမြို့နယ်၊ မအူကျေးရွာနှင့်မြေနဲကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ကင်းပုန်းစစ် သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Black Hero LPDF တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၄ ရက် ညနေ ၃ နာရီ ၃၀ မိနစ်အချိန်က စစ်ကိုင်းဘက်မှ လာသော စစ်ယာဉ် တန်းနှင့်ဆီဘောက်ဆာယာဉ်တန်းကို တိုက်ခိုက်ရန် သွားရောက်စဉ် အကြမ်းဖက်စစ်ကောင်စီ၏ ကင်းပုန်းနှင့်ထိပ်တိုက်တွေ့ဆုံပြီ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သွားတာကတော့ ကားတန်းကို တိုက်ဖို့သွားတာပဲ၊ ကင်းပုန်းနဲ့တွေ့ပြီး အပြန်အလှန်ပစ်ခတ်မှုခဲ့တာ၊ ၃ မိနစ်လောက်ပဲကြာတယ်၊ ကင်းပုန်းတွေကို တိုက်ခိုက်ပြီးတော့ ပြန်ဆုတ်လာခဲ့လိုက်တာပါ။ မနေ့ ကတိုက်ပွဲဆိုရင် ကျနော်တို့ Local PDF တွေချည်းပဲ ရှိစုမဲ့စုလေးနဲ့ တိုက်ခိုက်ခဲ့ကြတာ၊ အရင်တုန်းက ဆိုရင် ဆွဲမိုင်းဆွဲရင် ဘက်ထရီအိုးတွေ ကြိုးတွေပြန်ရတယ်။ အခုနောက်ပိုင်းဆိုရင် ပြန်မရတော့ဘူး၊ ဘက်ထရီအိုးတစ်လုံးတန်ဖိုးကလည်း အသစ်ဝယ်ဖို့ဆိုရင် ၄ သောင်းကျော်တယ်၊ တစ်ပွိုင့်ဆွဲပြီးရင် အဆုံးပဲ သဘောထားရတယ်၊ မိုင်းတစ်လုံးတန်ကြေးကလည်း တစ်သိန်းကျော်လောက်ရှိတယ်။ အဲဒီ ကဏ္ဍတွေမှာ ကျနော်တို့က Local PDF တွေဖြစ်တဲ့အတွက် ရုန်းကန်ရတာအခက်အခဲတွေရှိတယ်၊ အဲဒီအတွက် ပြည်သူလူထုအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်” ဟု Black Hero LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Black Hero LPDFနှင့် ဘာမထီတော်လှန်ရေးတပ်ဖွဲ့ ၊ IDIOTS COlUMN နှင့် The Brightness Monywa တို့ ပှုးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News