Sagaing News

0 0
Read Time:2 Minute, 43 Second

မုံရွာမြို့နယ်၊ မုံရွေးတိုးဂိတ်သို့ ရောက်ရှိလာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ဗိုလ် ၁ ဦးအပါအဝင် ၄ ဦး အပြင်းအထန်ဒဏ်ရာရ

 

D Day News

နိုဝင်ဘာလ ၅

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးတိုးဂိတ်သို့ ရောက်ရှိလာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Brave Heart Army – BHA တပ်ဖွဲ့ထံမှ သိရသည်။

 

နိုဝင်ဘာလ ၃ ရက်နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က ချောင်းဦးမြို့နယ်၊ မြပုလဲအထိုင်ဂိတ်မှ Jammer ကားဖြင့် ထွက်လာပြီး လမ်းကင်းယူရန် လမ်းလျှောက်လာသော အကြမ်းဖက်စစ်သား ၂၀ ခန့်ကို မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ် မုံရွေးတိုးဂိတ်အရောက် M18 မိုင်း ၃ ပွိုင့် ၂ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စခကတော့ မသေပါဘူးဗျ၊ ဒဏ်ရာရတာ ၄ ဦးပဲ။ ဗိုလ်ကတော့ လက်ကောက်ဝတ်ရယ်၊ ခြေသ လုံးရယ်၊ ကျန်တဲ့သူတွေကတော့ ခြေဖနောက်ကြောအကောင်းအတိုင်းတော့ မဖြစ်တော့ဘူးလို့ ကြားတယ်၊ တစ်ဦးကတော့ လည်ပင်းနဲ့ ကျန်တစ်ကောင်ကတော့ ဝမ်းဗိုက်လို့ ကြားတယ်ဗျ၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ပြည်သူ့ကားတွေချောဆွဲပြီး မုံရွာနမခကို ပို့ဆောင်ခဲ့တယ်လို့ ကြားသိရ တယ်” ဟု Brave Heart Army – BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို BRAVE HEART ARMY- BHA ၊ MYAUNG REVOLUTION ARMY-MRA နှင့် CHINDWIN FIGHTER GROUP.CFG ရဲဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိနာ သောအကြမ်းဖက်စစ်တပ်က ၆၀ မမ လက်နက်ကြီး ၂ လုံး၊ လကနက်ငယ်များဖြင့် ရမ်းသမ်း ပစ် ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

 

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့အသီးသီးက မြိုင်မြိုင်ဆိုင်ဆိုင် မိုင်းဆွဲ တိုက် ခိုက်ကြရန်နှင့် မိဘပြည်သူများအနေဖြင့်လည်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရပ်တည်နေကြသည့် Local PDF တပ်ဖွဲ့များကို လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရန် ဝိုင်းဝန်းထောက်ပံ့ပေးကြပါရန် Brave Heart Army – BHA တပ်ဖွဲ့က တိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *