မင်းဘူးမြို့နယ်၊ မုံရွာ -ပုသိမ်လမ်းပေါ်တွင် တိုက်ခိုက်ခံရပြီး ပျက်စီးသွားသော ကားကို ဆွဲယူရန် ထွက်လာသည့် စစ်တပ်ကရိန်းကားကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
D Day News
နိုဝင်ဘာလ ၅
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မုံရွာ -ပုသိမ်လမ်းမပေါ်တွင် တိုက်ခိုက်ခံရပြီး ပျက်စီးသွားသော ဆွဲယူ ရန် ထွက်လာသည့် စစ်တပ် ကရိန်းကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းထံမှ သိရသည်။
အောက်တိုဘာလ ၃၁ ရက်နံနက် ၁၁ နာရီခန့်က မင်းဘူးမြို့နယ်၊ မုံရွာ-ပုသိမ်လမ်းပေါ်တွင် အရပ် သား ဟန်ဆောင်ထားသည့် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ကရိန်းကား အဖြူရောင် တစ်စီးကို သတင်းအရ ကြိုတင်စောင့်ပြီး ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
“မင်းဘူးကနေ ထွက်လာတာ ၇ ယောက်လောက်ပါတယ်။ အမ်းကိုသွားတဲ့ကားတန်းကို အဲဒီဘက် တပ်ရင်းတွေက တိုက်ရင်းပျက်သွားတဲ့ကားကို ဆွဲဖို့သွားတာ၊ စတစ်ကော်လံအဖြူတွေနဲ့ အရပ်သား ဟန်ဆောင်ထားတာ၊ ကျနော်တို့ထိန်းချုပ်ထားတဲ့နယ်မြေကို ဖြတ်တဲ့အချိန် တိုက်လိုက်တာပါ၊ လက်ဦးမှုရတော့ သူတို့ပြန်မပစ်နိုင်ပဲ ရှေ့ကို အတင်းမောင်းပြေးသွားတယ်၊ မျက်မြင် ၁ ဦးသေတယ်၊ မင်းဘူးဆေးရုံကို စုံစမ်းလိုက်တော့ ၄ ယောက်သေတယ်လို့ သိရတာ၊” ဟု မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် အရပ်သားများ ဟန်ဆောင်ပြီး အရပ်သားများနှင့်အတူ သွားလာခဲ့ခြင်းဖြစ်သဖြင့် ပြည်သူများ ထိခိုက်မှုမရှိစေရန် တိုက်ခိုက်ခဲ့ရပြီး မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ၊ ရဲများ၊ ထောက်တိုင်များနှင့်ဝေးဝေးနေထိုင်ပေးကြပါရန် မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက မေတ္တာရပ်ခံပြောဆိုသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီးကားအား မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းနှင့်အတူ မင်းဘူးမြို့နယ်၊ ပကဖက တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် မင်းဘူးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ အရှိန်မြင့်တင်သွားမည်ဖြစ်ကြောင်း အသိပေးထား သည်။
D Day News