KNU News

0 0
Read Time:2 Minute, 51 Second

မူတြော်ခရိုင်တွင် အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း ၁၃၆ ကြိမ်ဖြစ်ပြီး စစ်ရေးအရ အရေပါ သော ဗျူဟာစခန်းတစ်ခုသိမ်းပိုက်နိုင်ခဲ့ကာ ကြေးစားစစ်သား ၂၉ ဦး သေဆုံး

 

D Day News

နိုဝင်ဘာလ ၅

 

ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်တွင် အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း ၁၃၆ ကြိမ်ဖြစ်ပြီး စစ်ရေးအရ အရေးပါသော ဗျူဟာစခန်းတစ်ခု သိမ်းပိုက်နိုင်ခဲ့ကာ ကြေးစားစစ်သား ၂၉ ဦးသေဆုံးခဲ့ ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

 

အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော်၊ အမှတ် ၅ တပ်မဟာ ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီ၏ ကြေးစား တပ်ဖွဲ့တို့ အကြား တိုက်ပွဲပေါင်း ၁၃၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ကြေးစားတပ်သား ၂၉ ဦးသေဆုံးသွားကာ ၃၀ ဦး တိတိ ထိခိုက်ဒဏ်ရာအနာတရ ရရှိသွားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများတွင် စကစကြေးစား တပ် ရင်းမှူးတစ်ဦးနှင့် ဒု-ရင်းမှူးတစ်ဦးနှင့် တပ်ခွဲမှူးတစ်ဦးပါဝင်ခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဘက်ဆိုင်ရာအဆောက်အ‌ဦး ၁၉ လုံးနှင့် စစ်သုံးမော် တော်ယာဉ် တစ်စီး ဖျက်ဆီးနိုင်ခဲ့ ကာ စစ်မော်တော်ယာဥ်တစ်စီးအားလည်းဖျက်ဆီးနိုင်ခဲ့ကြောင်း၊ထို့ အပြင် စကစကြေးစားတပ်၏စစ်ဗျူဟာအရအရေးပါသည့် စခန်းတစ်လုံးလည်း အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

 

တစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီ ကြေးစားတပ်မှ လေကြောင်းဖြင့် ဗုံးသီး ၃၆၉ လုံး ကြဲချ ခဲ့သလို လေယာဥ်ပစ်စက်သေနတ်ဖြင့်လည်း အမြောက်အများပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

 

အကြမ်းဖက်စစ်ကောင်စီကြေးစားတပ်က အပြစ်မဲ့ပြည်သူများနေထိုင်ရာကျေးရွာအတွင်းသို့ လက် နက် ကြီးကျည် ၄၄ လုံးတိတိပစ်ခတ်ခဲ့ရတွင် အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ လူနေအိမ် ၉ လုံး၊ ဘုရားကျောင်းဆောင်တစ်ဆောင်၊ ကျောင်းထမင်းစားဆောင် တစ် ဆောင်၊ မူကြိုကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်းတစ်ကျောင်းနှင့် ကျောင်းဘော်ဒါဆောင် တစ် ဆောင်တို့အပြင် အပြစ်မဲ့ပြည်သူများ စိုက်ပျိုးထားသည့် လယ်ယာစိုက်ခင်း၊ ကောက်ပဲသီးနှံ အမြောက် အများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *