ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ဟားလီးကွေ့၌ အင်အားထပ်ဖြည့်တပ်စွဲထားသော စစ်သားများ ကို စနိုက်ပါဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
D Day News
နိုဝင်ဘာလ ၄
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့၌ အင်အားထပ်ဖြည့်ကာ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၁ ဦးသေဆုံးခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၃ ရက် နံနက် ၇ နာရီဝန်းကျင်ခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေး ရွာ ၊ ဟားလီးကွေ့၌ အင်အား ထပ်မံဖြည့်တင်းကာ တပ်စွဲနေထိုင်နေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အောက်တိုဘာလ ၂၉ ရက်နေ့က သိမ်းလိုက်တဲ့နေရာမှာ ထပ်ဖြည့်ပြီး တပ်စွဲထားတာ၊ အဲဒီ စခတွေ ကို စနိုက်ပါနဲ့ သွားပစ်တာပါ၊ ၁ ဦးသေပြီး ၁ ဦးဒဏ်ရာရရှိခဲ့တာကို မျက်မြင်အတည်ပြုနိုင်ခဲ့ပါတယ်၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းတာတော့ရှိပါတယ်။ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သား တွေရှိတဲ့နေရာတွေနဲ့ ဝေးဝေးရှောင်ကြဖို့၊ တိုက်ပွဲတွေဖြစ်လာရင် ဘေးလွတ်ရာမှာပဲ ရှောင်ရှားနေ ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF သတင်းနှင့်ပြန် ကြားရေး တာဝန်ခံက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ် မြောက်ရေး တပ်တော် (DNLA) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး အသိ ၊ သတိပြု သွားလာနေထိုင် ကြရန် တိုက်တွန်း အသိပေးထုတ်ပြန်ထားသည်။
တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင်ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်း ကြပါရန် တိုက်တွန်းဖိတ်ခေါ်ထားသည်။
D Day News