ကဗျာကဏ္ဍ “စ-စ်-ေ-ခွ-း ဘဝရုန်းထွက်ကြ”
ပျိုးကြဲလက်
ဟေ့သူငယ်ချင်း ၊ စိတ်မှာရှင်းရှင်း
မင်းတွေးကြည့်စမ်း ၊ လျှောက်ရာလမ်းမှာ
တို့ရမ်းသမျှ ၊ ကြမ်းသမျှကို
မိဘပြည်သူ ၊ ခါးစည်းမူ၍
ခံယူဖိစီး ၊ သောကမီးသည်
ပြည်ကြီးအနှံ့ပါတကား ။
ငါတို့စစ်သား ၊ သစ္စာထားသည့်
ပြည်ခြားရန်စွယ် ၊ မကာကွယ်ဘဲ
ပျက်ပြယ်စည်းပေါက် ၊ သစ္စာဖောက်၍
လောက်-ေ-က-ာ-င် အလား ၊ ပြည်သူများကို
သတ်ထားခဲ့ပြီးပါတကား။
ပြည်သူကပေး ၊ ပြည်သူကျွေးသည့်
ချွေးနည်းစာပါ ၊ တို့လစာနှင့်
ရိက္ခာကိုစား ၊ အားမာန်ပွါးက
ထောင်ထားပုန်ကန် ၊ ကျေးစွက်ပြန်၍
မြေလှန်မီးရှို့ခဲ့ပါတကား ။
မင်းတို့အမျိုး ၊ ငါ့အမျိုးကို
ဆိုးမိုက်စုံလင် ၊ ေ-ခွ-း-စိတ်ဝင်၍
စိတ်တွင်မာန်ဝင့် ၊ မုဒိမ်းကျင့်ပြီ
ချင့်တွက်ကြည့်ရာ ၊ မင်းနှင့်ငါလည်း
စာနာမှုကွယ် ၊ ဆွေမျိုးပြယ်ပြီး
မဖွယ်မရာ ပြုဘူးပြီ ။
ဟေ့သူငယ်ချင်း ၊ အမှောင်တွင်းမှ
အလင်းဆောင်ကွာ ၊ တို့ပြည်သာမှာ
မင်းဟာ စ-စ်-ေ-ခွ-း ၊ ငါ စ-စ်-ေ-ခွ-း-ကွ
စ-စ်-ေ-ခွ-း ဘဝ ၊ ရုန်းထွက်ကြမည်
လာကြပါတော့ သူငယ်ချင်း ။
ပြည်သူ့ရင်ခွင် ၊ ခိုလှုံဝင်၍
ပြုပြင်ကြမည် ၊ သားဇာနည်တို့
ပြည်သူ့သစ္စာ ၊ စောင့်ထိန်းရာနှင့်
ပြည်ရွာငြိမ်းဖို့ ၊ ရုန်းပါစို့ ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် ည ၈ နာရီ ၁၈ မိနစ်
D Day News