တောင်သာမြိုနယ်၊ တလိုင်းရပ် (ရွာသစ်) ပျူအထိုင်စခန်းကို သိမ်းပိုက်မှု ပျူများစခန်းစွန့်ခွာထွက် ပြေးသွားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
D Day News
နိုဝင်ဘာလ ၄
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တလိုင်းရပ်(ရွာသစ်) ပျူအထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူများ စခန်းစွန့်ခွာထွက်ပြေးသွားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့လွတ် မြောက်ရေးတပ်မတော် – PLA ထံမှ သိရသည်။
နိုဝင်ဘာလ ၁ ရက် နံနက် ၃ နာရီ ၃၀ မိစ်အချိန်တွင် တောင်သာမြို့နယ်၊ တလိုင်းရပ် (ရွာသစ်) ပျူ အထိုင်စခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက် စစ်ဒေသ) ရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူများ စခန်းစွန့်ခွာထွက် ပြေးသွားသဖြင့် နံနက် ၄ နာရီအချိန်တွင် အလုံစုံသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
သိမ်းပိုက်ရရှိခဲ့သော ပျူစခန်းအတွင်းမှ ကာဘိုင် ၁ လက်၊ ရှော့ဂန်း ၁ လက်၊ 7.62ကျည် ၁၉၅ တောင့်၊ ကာဘိုင်ကျည် ၆၅ တောင့်၊ ရှော့ဂန်းကျည် ၃၇ တောင့် ၊ MG1 လက်ပစ်ဗုံး တစ်လုံး၊ ကျည်ကာ Equiment တစ်ထည် ၊ ရန်သူ့ စစ်ယူနီဖောင်းများနှင့် ငွေ တစ်သိန်းငါးထောင်ကျပ် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
D Day News