စလင်းမြို့နယ်ဦးစီးမှူးနေအိမ်၌ စစ်သားများ စုဝေးနေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု မြို့နယ်ရဲမှူး အပါအဝင် ၄ ဦးသေဆုံး
D Day News
နိုဝင်ဘာလ ၄
မကွေးတိုင်း၊ စလင်းမြို့၊ မြို့နယ်ဦးစီးမှူးနေအိမ်၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများ စုဝေးနေ စဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံမှ သိရသည်။
နိုဝင်ဘာလ ၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က စလင်းမြို့၊ မြို့နယ်ဦးစီးမှူးရုံးအနီးရှိ မြို့ နယ် ဦးစီးမှူးနေအိမ်၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများ စုဝေးနေစဉ် ဒရုန်းဖြင့် ဗုံးသီး အကြီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာကို တိကျစွာကရောက်ပါက်ကွဲခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအ ဝင် ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သတင်းရလို့ သွားချတာပါ၊ ရဲမှူးတစ်ယောက်အပါအဝင် ၄ ယောက်သေတယ်၊ ၃ ယောက် ဒဏ်ရာရ တယ်၊ ဒဏ်ရာရတဲ့အထဲက တစ်ယောက်ကို မကွေးဆေးရုံပို့တယ်၊ ၂ ယောက်က စလင်းဆေးရုံမှာ တင်ထားပါတယ်” ဟု မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းအမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ အမှတ် ၁ တပ်ရင်း နှင့် စလင်းမြို့နယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးထိခိုက်ဒဏ်ရာရရှိစစ်ကောင်စီတပ်သားများကို တိုက်ခံရအပြီး ၁ နာရီခန့်မှ လူနာတင်ယာဉ်တစ်စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရ သည်။
D Day News