Karen State News

0 0
Read Time:2 Minute, 36 Second

ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းမှ ထွက်ပြေးသွားသော စစ်သားများကို လိုက်လံရှင်းလင်းမှု စစ်သား ၁၄ ဦး သေဆုံးပြီး တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး ၃ ဦအပါအဝင် ၁၇ ဦးအရှင်ဖမ်းမိ

 

D Day News

နိုဝင်ဘာလ ၃

 

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းကို  ထွက်ပြေးသွားသော အကြမ်းဖက်စစ်သားများကို လိုက်လံရှင်းလင်းခဲ့ရာ စစ်သား ၁၄ ဦးသေဆုံးပြီး တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး ၃ ဦးအပါအဝင် ၁၇ ဦး အရှင်ဖမ်းမိခဲ့ကြောင်း Barmar People’s Liberation Army – BPLA က ထုတ်ပြန်သည်။

 

ယမန်နေ့ နိုဝင်ဘာလ ၃ ရက် နေ့တွင် ဖာပွန်ခရိုင်၊ ခေါပုတ်စခန်းကို စွန်းခွာထွက်ပြေးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အ ကြမ်းဖက်စစ်သား အလောင်း ၁၄ လောင်း၊ တပ်ခွဲမှူးအဆင့်ရှိသူ ဗိုလ်ကြီး ၃ ဦးအပါအဝင် စစ်သုံ့ပန်း ၁၇ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရရှိသော အကြမ်းဖက်စစ်သားများမှာ ခလရ – ၁၉ ၊ ခမရ ၄၃၄ ၊ ခမရ ၃၄၀ နှင့် ခမရ-၃၄၁ တပ်ရင်းများမှ စစ်သားများဖြစ်ပြီး ခေါပုတ်စခန်း၌ အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲခဲ့ခြင်းဖြစ် ကာ စခန်းသိမ်းပိုက်ခံရပြီးနောက် ထွက်ပြေးနေသူများဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ပြည်သူ့ကာကွယ် ရေး တပ်မတော် (PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် Force for Federal Democracy (FFD) တို့ပါဝင်သော မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး BPLA တပ်ဖွဲ့ဝင်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ရှုံးကောင်စီ၏ ခေါပုတ်တပ်စခန်းသည် မဟာဗျူဟာအရအရေးပါသည့် စခန်းတစ်ခု ဖြစ်ကာ ၎င်းတပ်စခန်းအား ၁၉၉၂ ခုနှစ်တွင် လာရောက်တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း၊ တပ်စွဲထားပြီး သည့်အချိန်မှ စ၍ ဒေသတွင်းရှိအပြစ်မဲ့ပြည်သူများအား ညှင်းပန်းနှိပ်စက်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီး သတ်ဖြတ်ခြင်းနှင့် ပေါ်တာဆွဲခိုင်းစေခြင်းများ စဥ်ဆက်မပြတ်ပြုလုပ်နေသည့် တပ်စခန်းတစ်ခု ဖြစ် ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *