ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့၌ တပ်စွဲထားသော စစ်တပ်စခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့်ခဲယမ်း သိမ်းဆည်းရရှိ
D Day News
နိုဝင်ဘာလ ၃
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့၌ အခိုင်အမာ တပ်စွဲထား သောအကြမ်းဖက်စစ်တပ် စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF ထံမှ သိရ သည်။
အောက်တိုဘာလ ၂၉ ရက် နံနက် ၆ နာရီခန့်ကထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ဟားလီး ကွေ့၌ အခိုင်အမာစခန်းချတပ်စွဲနေထိုင်နေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် များအား ဝင် ရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၄ နာရီ ဝန်းကျင်ခန့်ကြာမြင့်ခဲ့ပြီး စခန်းကိုအောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၅ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ MA 3- အမျိုးအစားသေနတ် ၂ လက်၊ 5.56 ကျည် ၄၀၀ တောင့်၊ ကျည်ဘောက် ၇ ခု၊ ဦးထုပ် ၂ လုံး၊ လက် ပစ်ဗုံး ၁ လုံး၊ လက်ကိုင်ဖုန်း ၃ လုံး၊ အီကွေးမန့်ခါးပတ် ၁ ခု၊ စ-စ်သုံးပုခတ် ၁ ခု၊ ကင်မရာ ၁ လုံး၊ ၁၄ မိုင်း ၁ လုံး နှင့် ဟင်းကော ၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“စစ်ကူလာတာလဲ ရှိတယ်၊ လက်နက်ကြီးပစ်ကူပေးတာမျိုုးလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အခိုင်အမာ တပ်စွဲထားတဲ့ ဧရိယာကိုတော့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လက်နက်ကြီးပစ်ကူက ဇဟာအခြေစိုက် ၃၀၂ အမြောက်တပ်နဲ့ ရေဖြူမြို့နယ် ကျောက်ကညာရွာ အခြေစိုက် ၃၀၄ အမြောက်တပ်တွေက အဓိက ပစ်ကူပေးပါတယ်။ စစ်ကူက တိုက်ပွဲဖြစ်တဲ့နား ၁ ဖာလုံခန့်အကွာမှာ ဘုရားမဲစစ်ဆေးရေးဂိတ်ကပါ။ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဝေးဝေးရှောင်ရှားကြဖို့နဲ့ တိုက်ပွဲတွေ ဖြစ်လာ ရင် ဘေးလွတ်ရာပဲ ရှောင်ရှားနေပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ရေဖြူပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – YPPDF မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ထိုတိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသား လွတ် မြောက်ရေး တပ်တော် (DNLA) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး အသိ ၊ သတိပြု သွားလာနေထိုင် ပေးကြပါရန် တိုက်တွန်းထားသည်။
တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင်ခိုလှုံ၍ အမြန်ဆုံးပူးပေါင်း ကြပါရန် ဆက်လက် တိုက်တွန်းဖိတ်ခေါ်ထားသည်။
D Day News