Tanintharyi News

0 0
Read Time:2 Minute, 48 Second

သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

 

D Day News

နိုဝင်ဘာလ ၂

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်းလိုက်ကောက်နေသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းညီနောင်စစ် ကြောင်းထံမှ သိရသည်။

 

အောက်တိုဘာလ ၁၃ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်က သရက်ချောင်းမြို့နယ်၊ မဲနယ်အိုးရွာဝင် လမ်းတွင် ပန်းပြင်ရွာမှ မဲနယ်အိုးရွာသို့စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများအား ဒေါင်း ညီနောင်စစ်ကြောင်းတပ်ခွဲ ၁ ရဲဘော်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးအပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ကလည်း သရက်ချောင်းမြို့နယ် ရန်တောင်ရွာ၌ ယာယီစခန်းချနေထိုင်သော အကြမ်းဖက်စစ်ကောင်းစီတပ်သားများကို ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးပွဲချင်းပြီး သေဆုံးပြီး ၆ ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ အောက်တိုဘာလ ၁၆ ရက် နံနက် ၁၁ နာရီ ၅၆ မိနစ်အချိန်တွင် သင်းကျွန်းရွာ၌ ယာယီ စခန်းချနေထိုင်သော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဒရုန်းဗုံးသီး ကျဲချတိုက်ခိုက်မှု နှစ်ခုကို Sky Ghost Drone Force (SGDF) နှင့် ဒေါင်းညီနောင် စစ်ကြောင်းတပ်ခွဲ ၁ ရဲဘော်များအတူ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အောက်တိုဘာလ ၁၅ ရက် နေ့ကလည်း သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာတွင် စခန်းချနေထိုင် သော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သရက်ချောင်းမြို့၊ ခမရ ၄၀၄ တပ်ရင်းမှ စစ်ကူတက်လာသော အကြမ်းဖက်စစ်ကား ၃ စီးကို သရက်ချောင်း – ထားဝယ်လမ်းပိုင်း တနေရာတွင် ဒေါင်းညီနောင်စစ်ကြောင်းတပ်ခွဲ ၁ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး မိုင်းထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *