PDF News

0 0
Read Time:1 Minute, 37 Second

Federal Shield လို့အမည်ပေးထားတဲ့ Drone Jammer ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ် ကြောင်း Federal Wings ကြေညာ

 

D Day News

နိုဝင်ဘာလ ၂

 

Federal Shield ဟု အမည်ပေးထားသည့် Drone Jammer ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ် ကြောင်း Federal Wings က ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင် ကြေညာလိုက်သည်။

 

FW R&D တပ်ဖွဲ့၏ ကြိုးစားအားထုတ်မှုဖြင့် Federal Shield ဟု အမည်ပေးထားသည့် Drone Jammer ကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပြီး ရန်သူ၏ ဒရုန်းရန်ကနေ ထိထိရောက် ရောက်ကာကွယ်ပေးနိုင်တော့မှာဖြစ်ကြောင်း အသိပေးထားသည်။

“ဝယ်ယူရခက်ခဲမှုနဲ့ ဈေးနှုန်းကြီးမြင့်မှုတွေကို ကျော်လွှားနိုင်တော့မှာပါ။ FW ရဲ့ R&D ကိစ္စရပ်တွေကို အရှိန်အဟုန်မပျက်လုပ်ဆောင်နိုင်ဖို့ ဘတ် သန်းချီပြီး ယုံကြည်စွာကျောထောက် နောက်ခံမှုပြုခဲ့ကြ တဲ့ နာမည်မဖော်လိုကြတဲ့ တော်လှန်ရေးမိတ်ဆွေတွေကို ကျေးဇူးအထူးတင်ဂုဏ်ပြုအပ်ပါတယ်။” ဟု Federal Wings က ပြောဆိုသည်။

 

ယခုနှစ်ဦးပိုင်းမှ စ၍ ပေါက်ဖွားလာသည့် ထုတ်ဖော်ပြောသမျှ ၊ ထုတ်ဖော်မပြောသမျှသော R&D ပိုင်းဆိုင်ရာ အောင်မြင်မှုအသီးအပွင့်များကို ထောက်ပံ့ကူညီမှုမရရှိပါက အောင်မြင်မှုရရှိရန် ခက်ခဲ မည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *