NUG ဝန်ကြီး ဒေါက်တာဆာဆာက သံအမတ်ကြီးဦးကျော်မိုးထွန်း အပါအဝင် နယူးယောက်ရှိ မြန်မာ ပြည်သူများနှင့်တွေ့ဆုံ
D Day News
နိုဝင်ဘာလ ၂
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ခေတ္တရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးသို့ သွားရောက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာလ ၁ ရက် ညနေပိုင်းက နယူးယောက်မြို့တွင် နေထိုင်ကြသော မြို့ခံမြန်မာလူထုနှင့် လည်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက တွေ့ဆုံခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောက်ရွက်ရေးဝန်ကြီးဌာန၏ လုပ်ဆောင်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
တက်ရောက်လာသော မြန်မာလူထုကလည်း သိရှိလိုသည်များကို ရင်းနှီးစွာ ပွင့်လင်းစွာ မေးမြန်းခဲ့ပြီး ဝန်ကြီးဒေါက်တာဆာဆာကလည်း ပွင့်ပွင့်လင်းလင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
D Day News