Magway News

0 0
Read Time:3 Minute, 9 Second

အထက်မင်းလှနှင့် အမ်းမြို့နယ်ကို ဆက်သွယ်ထားသည့် လမ်းပိုင်းထိန်းချုပ်နိုင်ရေး ဝင်ရောက် လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး

 

D Day News

နိုဝင်ဘာလ ၂

 

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်း ထိန်းချုပ်နိုင်ရေးအတွက် ဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရ သည်။

 

အောက်တိုဘာလ ၃၀ ရက် မွန်းတည့် ၁၂ နာရီခန့်က မလွန်တပ်နယ် ကပစ၂ (ကာကွယ်ရေးပစ္စည်း စက်ရုံံ) နှင့် ကုန်းကြီး ကပစ – ၁၀ မှ ထုတ်နှုတ်အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် အထက်မင်းလှမြို့ နယ်နှင့် ရခိုင်ပြည်နယ်၊အမ်းမြို့နယ်သို့ဆက်သွယ်ထားသည့် လမ်းပိုင်းများ၊ ပုသိမ်-မုံရွာလမ်းပိုင်းတို့ ကို စစ်ကောင်စီတပ်များက လာရောက်ပိတ်ဆို့ခဲ့သဖြင့် အထက်မင်းလှပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ ထောင်ထားသည့် ပဒေသာမိုင်းများ၊ ဆွဲမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင် စီတပ်သားများ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာလ ၃၁ ရက် နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် ပုသိမ်-မုံရွာလမ်းမကြီး တ လျှောက် လူသားတံတိုင်းအဖြစ် ဖမ်းစီးထားသည့် ပြည်သူများကို အသုံးပြုကာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ထပ်မံစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး အထက်မင်းလှပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ယာယီစခန်းငယ်အနီးသို့ရောက်ရှိလာခဲ့ရာ အသင့်ထောင်ထားသော ပဒေသာမိုင်း၊ တိုက်မိုင်း၊ ဆွဲမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် အကြမ်းဖက်စစ်သားများက အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ယာယီ စခန်း ငယ်ကိုမီးရှို့ဖျက်ဆီးပြီး မွန်းလွဲ ၂ နာရီခန့်တွင် သေဆုံးစစ်သား ရုပ်အလောင်းများနှင့် ဒဏ်ရာ ရရှိသူများကို ကားဖြင့် သယ်ဆောင်သွားကြောင်း၊ အကြမ်းဖက်စစ်သား ၁၁ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထား သည်။

 

လက်ရှိအချိန်တွင် အထက်မင်းလှမြို့နယ် စစ်ရေးတင်းမာမှုများရှိနေပြီး စစ်ကောင်စီတပ်ကလည်း မကြာ ခဏ စစ်ကြောင်းထိုးဝင်ရောက်နေသဖြင့်  ဟန့်တားတိုက်ခိုက်လျက်ရှိရာ လက်နက်ခဲ ယမ်း များ လိုအပ်ချက်ရှိနေသဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် အထက်မင်းလှပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *