ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှ ထွက်လာသော ပျူစစ်ကြောင်းကို တိုက်ခိုက်မှု ပျူ ၁ ဦးသေဆုံး ပြီး ၉ ဦးထက်မနည်းဒဏ်ရာရ
D Day News
နိုဝင်ဘာလ ၂
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှ ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ပျူတစ်ဦးသေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ် ထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၁ ရက် နံနက် ၆ နာရီခွဲခန့်ကဂန့်ဂေါမြို့နယ် မြောက်ပိုင်း မြောက်ခင်ရန်း ပျူရွာ မှာ ထွက်လာသော စခပခစစ်ကြောင်းသည် ညနေ ၃ နာရီခန့်တွင် သင်တောရွာမှ ပြန်လည်ဆုတ်လာ စဉ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ နာရီ ဝက်ခန့်အကြာဖြစ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသော မိုင်းများပါ ပေါက်ကွဲခဲ့ သ ဖြင့် ကုက္ကားရွာသား ပျူ ၁ ဦးသေဆုံးကာ ၉ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်ကြောင်းသည် ညနေ ၅ နာရီခန့်တွင် အနီးနားရှိ ပျူစောထီးကျေးရွာများမှ အင် အားများ ထပ်မံဖြည့်တင်းထားကြောင်း၊ ထို့ကြောင့် အနီးနားရှိကျေးရွာများမှ ပြည်သူများအနေဖြင့် လုံခြုံရေးအထူးဂရုစိုက်ကြပါရန် အသိပေးထားသည်။
D Day News