မုံရွာမြို့နယ်၊ တောပုရွာမှ ထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ပျူ ၂ ဦး ပွဲချင်းပြီးသေဆုံး
D Day News
နိုဝင်ဘာလ ၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာမှ ထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ပျူ ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း BRAVE HEART ARMY – BHA ထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက မုံရွာမြို့နယ်၊ တောပုပျူရွာမှ ထွက်လာပြီး မုံရွာ -မန္တလေးလမ်းမကြီးပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သား၊ ပျူများကို ရှေ့ထွက် ပြောင်း ၅ ပြောင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူ ၂ ဦးပွဲချင်းပြီးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသော ပျူ ၂ ဦးနှင့် ဒဏ်ရာ ပျူ၊ စစ်သားများကို ပြည်သူ့ ကား ၂ စီးကို ချောဆွဲပြီး မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းသို့ သယ် ဆောင်သွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို BRAVE HEART ARMY .BHAမှ ဦးဆောင်ပြီး CHINDWIN FIGHTER GROUP.CFG နှင့် လက်တွဲညီညီတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူများက ရမ်း သမ်း ပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News