CDM News

0 0
Read Time:1 Minute, 43 Second

ဗိုလ်မှူး အောင်မျိုးသွင်နှင့် ဗိုလ်မှူးအောင်ကိုထွေးတို့ဦးစီးပြီး စစ်သည် (၆၁) ဦး ပြည်သူ့ရင်ခွင်ခိုလှုံ (ရုပ်သံ)

 

D Day News

နိုဝင်ဘာလ ၁

 

ဗိုလ်မှူး ၂ ဦးအပါအဝင် စစ်သား ၆၁ ဦး ပြည့်သူ့ရင်ခွင်သို့ အလင်းဝင်ခိုလှုံခဲ့ကြောင်း NUG ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလအတွင်းက ဗိုလ်မှူး အောင်မျိုးသွင် ဦးစီး အရာရှိ၊ စစ်သည် (၃၅) ဦး နှင့် ဗိုလ် မှူး အောင်ကိုထွေး ဦးစီး အရာရှိ၊ စစ်သည် (၂၆) ဦး စုစုပေါင်း စစ်ကောင်စီဘက်သား (၆၁) ဦးသည် လက်နက်မျိုးစုံ (၁၈) လက်၊ ဆက်စပ် ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံရေးအဆင့်ဆင့် ချိတ် ဆက်ဆောင်ရွက်ခဲ့ကာ အလင်းဝ်င်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့အလင်းဝင်ရောက်ခဲ့သည့် စစ်သည် ၆၁ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ဒေသခံကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်း စောင့်ရှောက်ထားကြောင်း သိရသည်။

 

ယခုကဲ့သို့ ပြည်သူ့ရင်ခွင်ဝင်ရောက်မှုသည် အင်အား အများအပြားဖြင့် ဝင်ရောက်သည့် အခြေအနေ ဖြစ်ပြီး အကြမ်းဖက် စစ်တပ်အတွင်း စိတ်ဓာတ်ပြိုလဲမှု၊ ပြည်သူ့ဘက်သို့ ကူးပြောင်းလိုသည့် အရာရှိ၊ စစ်သည် အမြောက်အများ စစ်တပ်တွင်းရှိနေမှုတို့ကို ညွှန်ပြလျက်ရှိဟု NUG ၊ ကာကွယ်ရေးဝန်ကြီး ဌာနက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *