ABSDF News

0 0
Read Time:4 Minute, 30 Second

ABSDF တော်လှန်ရေးကာလ ၃၆ နှစ်အတွင်း ရဲဘော် ၈၂၆ ဦးကျဆုံးပြီး ၄၃၅ ဦးထိခိုက်ဒဏ်ရာရ

 

D Day News

နိုဝင်ဘာလ ၁

 

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှ ပေါက်ဖွားလာခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF ၏ တော်လှန်ရေးကာလ ၃၆ နှစ်အတွင်း ရဲဘော် ၈၂၆ ဦး ကျဆုံးပြီး ၄၃၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့သည် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး – ABSDF – မကဒတ(ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ၃၆ နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်ကြောင်း၊ မကဒတ (ကျောင်းသားတပ်မတော်) အနေဖြင့် အဖိနှိပ်ခံတိုင်းရင်းသား ပြည်သူ လူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး စသည့် နိုင်ငံရေးဦးတည်းချက် ၄ ရပ် ဖြင့် တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF တိုက်ပွဲသမိုင်းသည် လူ မျိုးပေါင်းစုံတိုင်းရင်းသားပြည်သူလူထုတို့ တိုက်ပွဲဝင်တောင်းဆိုနေသည့် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုတည်ဆောက်ရေးဆိုသည့် နိုင်ငံရေး မျှော်မှန်းချက်နှင့် ထပ်တူထပ်မျှ တဆက်တစပ် တည်း ဖြစ်ပေါ်ခဲ့သော သမိုင်းတခုဖြစ်သည်ဟု ဆိုသည်။

စစ်အုပ်စု တဘက်သတ်ရေးဆွဲခဲ့သည့် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုသည်မှာ အခြေခံ ဒီမိုကရေစီ အခွင့်အရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက် မပေးနိုင်သကဲ့သို့ ငြိမ်းချမ်းတည်ငြိမ်သည့် အခင်းအကျင်းကိုလည်း တည်ဆောက်ပေးနိုင်စွမ်းမရှိသည်ကို အတိတ် သမိုင်းနှင့် ယနေ့ကာလ နိုင်ငံရေးအခြေ အနေများက သက်သေပြခဲ့ပြီး ဖြစ်ကြောင်း အသိပေး ထား သည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ နိုင်ငံတော်အချုပ်အချာ အာဏာကို လက်နက်ဖြင့် လုယူသိမ်းပိုက်ခဲ့သည်။ အကျိုးဆက်မှာ နိုင်ငံတော်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး အခြေအနေ များ ယိုယွင်းပျက်ဆီးလာခဲ့ပြီး တတိုင်းပြည်လုံး အထွေထွေအကြပ် အတည်းနှင့် ရင်ဆိုင်ကြရသော်လည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲများ တနံတလျား ကျယ်ပြန့် လာခဲ့သည်။

 

စစ်ကောင်စီ၏ မဏ္ဍိုင် ၃ ရပ်လုံးကို ဖြိုချဖျက်ဆီးပြီး ဒီမိုကရေစီရေး၊ တန်းတူရေး နှင့် ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့်တို့ကို အာမခံချက်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုသစ် ပေါ်ထွန်းရေးအတွက် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး တိုက်ပွဲစာမျက်နှာပေါင်းစုံက အရှိန်မြှင့် ဆောင်ရွက်ကြရမည့်အချိန်ဟု အလေး အနက် ခံယူကြောင်း ABSDF က ပြောဆိုသည်။

 

ယင်းအခြေအနေပြဋ္ဌာန်းချက်များအောက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက် တစ်တပ်ဦး – ABSDF -မကဒတ(ကျောင်းသားတပ်မတော်) အနေဖြင့် ခေတ်၊ စနစ်ကို ထင်ဟပ်စေ သည့် တောင်းဆိုချက်များနှင့်အညီ ကျယ်ပြန့်လာသည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေး၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူ အခိုင်အမာ လက်တွဲကာ ကျောင်းသားတပ်မတော် တပ် ဖွဲ့ဝင် မျိုးဆက်သစ်များသည်လည်း လက်တွေ့တိုက်ပွဲဝင်နေကြောင်း သိရသည်။

 

လူမျိုးပေါင်းစုံ တိုင်းရင်းသား ပြည်သူ လူထုကြီးနှင့်အတူ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် ပေါ်ထွန်းရေးအတွက် ကျရာ အခန်းကဏ္ဍမှ တက်ကြွစွာ လက်တွဲဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *