0
0
Read Time:51 Second
ကဗျာကဏ္ဍ “နေဝင်ချိန်”
ပျိုးကြဲလက်
ယုဂန္ဓိုရ် ဟိုထိပ်ဖျားဆီက
ကြွားဝင့်ဝင့် နေသူရိန်နဲ့
သူ့ဂုဏ်ရှိန် အလျှံညီးတာဖြင့်
အံ့ချီးဖွယ့် အလင်းဖြာ ။
အရောင်ဝါ အသွင်ဆန်းသမို့
နန်းမြေမှာ နေခြည်ကျရင်ဖြင့်
ဝဠာတခွင် အမှောင်ကင်းလို့
နေမင်းကသာ ။
အလင်းရောင် ထွန်းပြောင်လျက်ဟာမို့
မိတ်ဖက် မြေကမ္ဘာကိုလ
တိမ်သလာ ဖုံးခိုက်မှာ
ရောင်ခြည်သာ ပေးလဲ ။
နေသာချိန် ဂုဏ်မမောက်နဲ့
နေပျောက်မယ့် ကျွန်းဂေါယာဆီသို့
မိုးချုပ်ရာ အခါကျရင်ဖြင့်
နေဝင်ရမြဲ ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် ည ၉ နာရီ ၇ မိနစ်
D Day News