International News

0 0
Read Time:7 Minute, 18 Second

စစ်အုပ်စုအပေါ် ထိရောက်သော အရေးယူမှု မရှိခြင်းက အကြမ်းဖက်သတ်ဖြတ်မှုများ ပိုမို ပြုလုပ် နိုင်ရန် ဖြစ်စေပြီး ပိုမို ဆိုးရွားလာသော အခြေအနေများကြောင့် ထပ်မံ အချိန် ဆိုင်းရန် မဖြစ်သင့် တော့ကြောင်း ကုလသမဂ္ဂဆိုင် ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းပြောဆို

 

D Day News

အောက်တိုဘာလ ၃၁

 

 

စစ်အုပ်စုအပေါ် ထိရောက်သော အရေးယူမှု မရှိခြင်းက အကြမ်းဖက်သတ်ဖြတ်မှုများ ပိုမို ပြုလုပ် နိုင်ရန် ဖြစ်စေပြီး ပိုမို ဆိုးရွားလာသော အခြေအနေများကြောင့် ထပ်မံ အချိန် ဆိုင်းရန် မဖြစ်သင့် တော့ကြောင်း ကုလသမဂ္ဂဆိုင် ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းပြောကြားသည်။

 

အောက်တိုဘာလ ၂၉ ရက်နေ့က အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရုံးတွင် ကျင်းပသည့် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ မျက်နှာစုံညီအစည်းအဝေး အစီ အစဉ်အမှတ် (၇၄) – အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ အစီအရင်ခံစာ” ခေါင်းစဉ် အောက်မှ အထွေထွေ ဆွေးနွေးမှုအစီအစဉ်တွင်၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးနှင့် ရောမစာချုပ်တို့မှာ ဤကဲ့သို့ ကြီးလေးသော ရာဇဝတ်မှုများ အား အရေးယူနိုင်ရန် ပြဋ္ဌာန်းတည်ထောင်ထားခြင်းဖြစ်ပြီး ယခုအခါ မြန်မာနိုင်ငံ အနှံ့တွင် အရပ်သား ပြည်သူများ ခံစားနေရသော ဆင်းရဲဒုက္ခများနှင့် ဤကဲ့သို့ ရက်စက် ကြမ်းကြုတ်မှုများကြောင့် ခုံရုံး အနေဖြင့် ၎င်း၏လုပ်ပိုင်ခွင့်အရ စစ်အုပ်စုအပေါ် အရေးယူ ဆောင်ရွက်ရန် အလွန်အရေးကြီးနေပြီ ဖြစ်ကြောင်း၊ နေ့စဉ်နှင့်အမျှ ထိရောက်သော အရေးယူမှု မရှိခြင်းက စစ်အုပ်စုကို အကြမ်းဖက်သတ် ဖြတ်မှုများ ပိုမို ပြုလုပ်နိုင်ရန် ဖြစ်စေပြီး ပိုမို ဆိုးရွားလာသော အခြေအနေများကြောင့် ထပ်မံ အချိန် ဆိုင်းရန် မဖြစ်သင့်တော့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားသည်။

 

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့်လည်း ထိုသို့သော ရာဇဝတ်ကောင်များကို အကာအကွယ် ပေး မည် ဆိုပါက ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုကို ထိခိုက်ပျက်ပြားစေရုံသာမက မြန်မာ ပြည်သူများ ဆက်လက်ခံ စားနေရသော ဒုက္ခများအတွက်ပါ တာဝန်ရှိလာမည်ဖြစ်ပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

 

လက်ရှိအခြေအနေများအရ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပုဒ်မ ၁၂(၃) အရ ကြေညာပိုင်ခွင့် အပေါ် ဥပဒေကြောင်းအရ အလေးအနက်ထား စဉ်းစားသုံးသပ်သင့်ပါကြောင်း၊ တော်လှန်ရေး အင်အားစုများသည် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့ပေါင်း (၈၅) မြို့တွင် အုပ်ချုပ်ရေးယန္တရားများ ထူထောင်ထားကာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်မည့် ထိရောက်သော ပိုင်နက် နယ်မြေ ထိန်းချုပ်နိုင်မှုများ ရှိနေသည်ကို သက်သေပြလျက်ရှိပါသည်ဟု ဆိုသည်။

 

ယခုကဲ့သို့ တိုးတက်ပြောင်းလဲလာသော အခြေအနေများနှင့်အတူ စနစ်တကျ မှတ်တမ်း တင်ထားရှိ သော လုပ်ငန်းစဉ်များကြောင့် အဖွဲ့အစည်း၏ တရားဝင်အဆင့်အတန်းနှင့် လုပ်ပိုင်ခွင့် အတိုင်းအတာ ကို သုံးသပ်နိုင်ရန် အခြေခံကောင်းများ ဖြစ်ပေါ်လာစေပါကြောင်း၊ အကြမ်းဖက်စစ်ကောင်စီသည် ရောမ စာချုပ်အရ ရာဇဝတ်မှုမြောက်သော ကျူးလွန်မှုများကို ကျယ် ကျယ်ပြန့်ပြန့် ဆက်လက်လုပ် ဆောင် လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ထောက်ပြထားသည်။

 

လက်ရှိအချိန်အထိ ၎င်းတို့၏ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၊ တရား လက်လွတ် သတ်ဖြတ်မှု၊ အရပ်သားပြည်သူများ အပေါ် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုများနှင့် အပြည် ပြည်ဆိုင်ရာဥပဒေကို ဆိုးရွားစွာ ချိုးဖောက်မှု များကြောင့် အရပ်သား ပြည်သူပေါင်း (၅,၈၈၆) ဦး ကျော် သေဆုံးခဲ့ကြောင်း၊ သိရသည်။

 

ထို့အပြင် နိုင်ငံ့ခေါင်းဆောင်များ၊ ပြည်သူက ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စား လှယ် များအပါအဝင် ပြည်သူပေါင်း ၂၁,၀၃၇ ဦးကျော်ကိုလည်း ထိန်းသိမ်းထားဆဲ ဖြစ်ပြီး နေအိမ် ပေါင်း တစ်သိန်းကျော်မှာ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) နှင့် အခြားယုံကြည် စိတ်ချရ သော နိုင်ငံတကာမှတ်တမ်းများအရ အရပ်သားပြည်သူများနှင့် စစ်သုံ့ပန်းများ ကို ညှဉ်းပန်း နှိပ်စက် ခြင်း၊ တမင်သတ်ဖြတ်ခြင်းအပါအဝင် စနစ်တကျ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် ဆေးရုံဆေးခန်းများ၊ ယဉ်ကျေးမှုအမွေအနှစ် များ၊ ပညာရေးဆိုင်ရာ အဆောက်အအုံများကဲ့သို့ ကာကွယ်ပေးရမည့် နေရာများကိုလည်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေ သည့် ခိုင်လုံသော သက်သေအထောက် အထားများကိုလည်း တွေ့ရှိရသည်ဟု ဆိုသည်။

 

ဘုတလင်မြို့နယ်၌ ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား (၂၄) ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး၊ သတ်ဖြတ်ခံရသူ အချို့ ၏ ခန္ဓာကိုယ်ရုပ်အလောင်းများကို ရုပ်ပျက်ဆင်းပျက် ဖြတ်တောက်ကာ ဦးခေါင်းနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို အရပ်သားများ၏ ခြံစည်းရိုးများတွင် ရည်ရွယ်ချက်ရှိရှိ ချိတ်ဆွဲထားခဲ့ပါကြောင်း၊ ထိုကဲ့သို့သော ရက်စက်ယုတ်မာမှုများမှာ သာမန် အပြည်ပြည်ဆိုင်ရာဥပဒေ ချိုးဖောက်မှုထက် များ စွာ ကျော်လွန်၍ လူ့ဂုဏ်သိက္ခာနှင့် လူ့ယဉ်ကျေးမှု စံနှုန်းများကို ဆိုးရွားစွာ ချိုးဖောက်သည့် စစ်ရာဇ ဝတ် မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုများပင် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင် ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *