Mandalay News

0 0
Read Time:2 Minute, 21 Second

မတ္တရာမြို့နယ်၊ ဆင်ကျွန်းကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁ ဦး ဒဏ်ရာရ

 

D Day News

အောက်တိုဘာလ ၃၀

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆင်ကျွန်ကျေးရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူနီကွန်းပြောက် ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

အောက်တိုဘာလ ၂၈ ရက် နေ့က မန္တလေးမြို့နှင့် ၃ မိုင်ကျော်အကွာအဝေးရှိ မတ္တရာမြို့နယ်၊ ဆင်ကျွန်းကျေးရွာစာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်များကို တိကျစွာ ကျဲချနိုင်ခဲ့သော်လည်း တစ်လုံးမှာပေါက်ကွဲမှု မရှိပဲ၊ ကျန်တစ်လုံးမှာ ထိရောက်စွာပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သား ၁ ဦး ထိခိုက် သိရသည်။

“ဆင်ကျွန်းရွာမှာ တပ်စွဲပြီး သုံးဆယ်ပေးရွာနဲ့ အနီးအနားကျေးရွာကိုစစ်ကြောင်းထိုးမီးရှို့နေတဲ့ စခန်း ပါ။ မန္တလေးမြို့နဲ့ဆိုရင် ၃ မိုင်ကျော်လောက်ပဲဝေးတယ်။ ဗုံးတစ်လုံးပဲ ကွဲတာတစ်လုံးက Error တက် ပြီး မကွဲဘူး။ ဗုံးကွဲပြီးတော့ ကျေးရွာတစ်ရွာလုံးကို ပိတ်ဆို့ထားပြီး စစ်ဆေးမှုတွေလုပ်တယ်လို့ သိရ တယ်။ စခတွေရမ်းသမ်းပစ်ခတ်လို့ ပြည်သူပိုင်နွားတစ်ကောင်သေတယ်။ တစ်ရွာလုံးကို အော်ဟစ်ဆဲ ဆိုနေတယ်လို့ သိရပါတယ်” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့၊ Acid LPDF ၊ Royal Falcon နှင့် Phoenix SGG တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကျဲခံရပြီးနောက် အကြမ်းဖက်စစ်သားများက လက် နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *