မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာအနီး ကင်းပုန်းဝပ်နေသော စစ်သားများကို တိုက်ခိုက်မှု ၂ ဦး သေဆုံး
D Day News
အောက်တိုဘာလ ၃၀
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ် -မုံရွာလမ်းပေါ်ရှိ မဲဇလီကျေးရွာအနီးတွင် ကင်းပုန်းဝပ်နေ သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းထံမှ သိရသည်။
ယမန်နေ့အောက်တိုဘာလ ၂၉ ရက် ညနေ ၃ နာရီ ၁၅ မိနစ်အခန့်က မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းပေါ်ရှိ မဲဇလီကျေးရွာအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲဝင် ၈ ဦး ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သာ ၂ ဦးသေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
“တိုက်ပွဲဖြစ်တဲ့နေရာက မင်းတုန်းနဲ့ဆိုရင် ၅ မိုင်လောက်ပဲဝေး၊ မင်းတုန်း ၅ မိုင်ဂိတ်နဲ့လည်း သိပ် မ ဝေးဘူး။ မဲဇလီကျေးရွာမှာ သူတို့အရာရှိ ၂ ယောက်လောက်က အရက်သောက်နေတာ။ အဲဒီအတွက် ကင်းပုန်းဝပ်ပေးနေတာလို့ သတင်းရလို့ တိုက်ခိုက်သွားတယ်၊ သွားတဲ့အခါမှာ ကျနော်တို့လည်း အရောက် အရက်သောက်လာတဲ့ကားကလည်း ကင်းပုန်းဝပ်နေတဲ့ စခတွေကို တင်တဲ့အချိန် တိုက် ခိုက်ခဲ့တာ၊ ၁၅ မိနစ်လောက်တိုက်ခိုက်ပြီးတော့ ကျနော်တို့က ပြန်ဆုတ်လာတာပေါ့၊ တိုက်ပွဲဖြစ်တဲ့ နေရာရဲ့တောင်ဘက်လောက်မှာ စပါးတန်း၊ ညောင်ပင်သာဆိုတာရှိတယ်။ အဲဒီရွာတွေက ပျူအား ကောင်းတဲ့ရွာတွေ၊ အဲဒီဘက်နေပြီးတော့ ဖောကားအပြာနဲ့ ၁၅ ယောက်လောက်လာတယ်၊ သေဆုံး ဒဏ်ရာရတဲ့သူတွေကို အဲဒီဖောကားနဲ့ပဲ သယ်သွားတယ်လို့ သိရတယ်။ နောက်ဆက်တွဲသတင်းတွေ အရတော့ သေဆုံးတာတွေရှိတယ်လို့ သတင်းကတော့ရတယ်၊ အတိအကျတော့အတည်ပြုလို့ မရဘူး။” သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သေဆုံးသွားသော အကြမ်းဖက်စစ်သားများကို စပါးတန်း၊ ညောင်ပင်သာရွာရှိ အကြမ်းဖက် စစ်သား၊ ပျူစောထီး ၁၅ ဦးခန့် ဖောကားဖြင့် ရောက်ရှိလာပြီး ဥသျှစ်ပင်ကျေးရွာဘက်သို့ သယ်ဆောင်သွား ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်အမှတ်-၄ တပ်ရင်း တပ်ခွဲ ၁ မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News