Karen State News

0 0
Read Time:3 Minute, 6 Second

ဖာပွန်မြို့နယ်၊ ခေါပုတ်စစ်တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိကာ စစ်သားများစခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် လက်နက်ခဲယမ်း အမြောက်အ မြား သိမ်းဆည်းရရှိ

 

D Day News

အောက်တိုဘာလ ၃၀

 

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်ကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၆ ဦး အရှင် ဖမ်းမိ ကာ စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်း ရရှိခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

 

ယမန်နေ့အောက်တိုဘာလ ၂၉ ရက် နံနက် ၇ နာရီခန့်က ဖာပွန်မြို့နယ်၊ ခေါပုတ်ဒေသရှိ အင်အား ၁၂၀ ခန့်ဖြင့် အခြေချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို KNLA တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာ ထွက် ပြေးသွားကြောင်းသိရသည်။

“ဖာပွန်ဘက်က ခေါပုတ်စခန်းရပြီလို့ ကျနော့်ဒုစစ်ဆင်ရေးမှူးက သတင်းပို့ပါတယ်။ ရန်သူ့ အ လောင်း ၁၀ ယောက်ရပြီး ၆ ဦး အရှင်ဖမ်းမိထားတယ်လို့ပြောပါတယ်။” ဟု ဗမာပြည်သူ့လွတ် မြောက်ရေးတပ်ဖွဲ့ – BPLA ခေါင်းဆောင် မောင်ဆောင်းခက ၎င်း၏ လူမှုန်ကွန် မှ တဆင့် ပြောဆို ထားသည်။

 

ယင်းအကြမ်းဖက်စစ်တပ်စခန်းကို အောက်တိုဘာလ လဆန်းပိုင်းကတည်း ပိတ်ဆို့ထားကာတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့အောက်တိုဘာလ ၃၀ ရက်နေ့တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စခန်းအတွင်းကျန်ရှိနေသော လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ခေါပုတ်စခန်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၉ ၊ ခမရ ၄၃၄ ၊ ခမရ ၃၄၁ ၊ ခမရ ၃၄၀ မှ စစ်သားတပ်စွဲထားခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ထားစဉ် အကြမ်းဖက်စစ်တပ် လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၆ ရက် နံနက် ၅ နာရီ ဝန်းကျင်ခန့်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၄၀ ခန့် လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

 

KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီ၏ ဖာပွန်ဗျူဟာတပ်စခန်းကြီးတစ်ခုသာ အဓိက ကျန် ရစ်တော့ပြီး ကျန်စခန်းများမှာ စခန်းငယ်များ ဖြစ်ကြောင်း၊ ဖာပွန်ပျူဟာကို သိမ်းပိုက်ရရှိလျှင် ဖာပွန် မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *