ဟားခါးမြို့အနီးရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးသေဆုံး၊ ဗိုလ်မှူးအပါအဝင် ၄ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ
D Day News
အောက်တိုဘာလ ၃၀
ချင်းပြည်နယ်၊ ဟားခါးမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ Kiamtlang စစ်တပ်စခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး ဗိုလ်မှူးအပါအဝင် ၄ ဦးအရှင်ဖမ်းမိကာ လက်နက် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း CDF Hakha က ထုတ်ပြန်သည်။
အောက်တိုဘာလ ၂၈ ရက်နေ့က ဟားခါးမြို့အနီး ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ် စခန်းကိုတိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ဗိုလ်မှူး အပါအဝင် ၄ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက် စစ်သားများ အသုံးပြုသော MA1 အမျိုးအစား သေနတ် ၅ လက်၊ MA2 အမျိုး အစား သေနတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၂ လက်၊ MA11 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၄၂ ခု၊ မိုင်း နှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Chinland Defense Force – Hakha နှင့် Chin National Army တို့ပူးပေါင်း ကာ Operation Rung အမည်ဖြင့် စစ်ဆင်ရေးတိုက်ပွဲ ဖော်ဆောင် နေခြင်းဖြစ်ကြောင်း သိရသည်။
CDF-Hakha အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဖော်ဆောင် သွားမည်ဖြစ်သည့်အတွက် ပြည်လူထုမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံထား သည်။
D Day News