ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်း စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး
D Day News
အောက်တိုဘာလ ၃၀
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၂၄ ရက်နေ့မှ စ၍ ကြို့ပင်ကောက်မြို့နယ် အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီသည် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် သင်္ခရိုင်ကျေး ရွာ အနီးကို ရောက်ရှိ လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၈ဝ၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျား တပ်ဖွဲ့ ၊ တပ်ရင်း ၃၈ဝ၁ တပ်ခွဲ (၃) နတ်စစ်သည် တပ်ဖွဲ့ ၊ BTZM, GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တို့မှ စစ်ရေး မဟာမိတ် စစ်ဆင်ရေးဖော်ဆောင်၍ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး PDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။
D Day News