War Crime News

0 0
Read Time:2 Minute, 32 Second

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်သုံ့ပန်း အချုပ်ဆောင်ကို စစ်တပ်ကလေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၈ ဦးအပါအဝင် ၁၂ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၂၉

 

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အချုပ်ဆောင်ကို အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းအချုပ်သား ၈ ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၂၈ ရက် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်က မန္တလေးပြည်သူ့ကာကွယ်ရေး တပ်မတော်၏ အချုပ်ဆောင်ကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော ဘီလူးစစ်ကြောင်းမှ စစ်သုံပန်းများနှင့် အခြား စစ်သုံပန်းများ ထားရှိရာ အဆောက်အအုံများ ထိမှန်ပျက်စီးခဲ့ပြီး စစ်သုံပန်း ၈ ဦး အပါအဝင် ၁၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ဦးဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများကို သုံပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားရှိခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီတပ်က ၄င်းတို၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

 

လေယာဉ်ဗုံးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သုံ့ပန်းများကို  ဆေးကုသမှု လုပ်ဆောင် ပေး လျက်ရှိပြီး သေဆုံးသွားသော စစ်သုံ့ပန်းများမှာ တိုက်ကြီးမြို့အခြေစိုက်၊ ခမရ ၇၀၈ တပ်ရင်းမှ ဗိုလ်ကြီး ထွန်းနိုင်၊ ဒုတပ် ကြပ် ထက်နောင်နောင်စိုး၊ ဒုတပ်ကြပ် ဖိုးချို၊ တပ်ကြပ် ခင်မောင်ထွန်း၊ ရေနံချောင်းမြို့အခြေစိုက် ခမရ ၇၇ တပ်ရင်းမှ ဒုတပ်ကြပ် သီဟငြိမ်း၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင် အခြေစိုက် လကတ ၁၀၁၄ တပ်မှ တပ်ကြပ်ကြီးစာရေး ရန်နိုင်အောင်၊ ပျူစောထီး နန်းမြို့ဦးနှင့် သန်းဇော်တို့ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *