Tanintharyi News

0 0
Read Time:2 Minute, 1 Second

လောင်းလုံးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ်တိုက်ခိုက်မှု စစ်သား ၁၃ ဦးထက်မနည်း သေဆုံး

 

D Day News

အောက်တိုဘာလ ၂၉

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၃ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ထံမှ သိရသည်။

 

အောက်တိုဘာလ ၁၂ ရက်နေ့မှ စ၍ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာ ဘုန်းကြီးကျောင်း အတွင်းတပ်စွဲရန် ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို အောက်တိုဘာလ ၁၃ ရက် ရင်းဘုတ်ကျေးရွာအနီး၌ တစ်ကြိမ်၊ အောက်တိုဘာလ ၁၄ ရက် ဂေါ့အင်းကျေးရွာအနီး၌ တစ်ကြိမ်၊ အောက်တိုဘာလ ၁၆ ရက် အောက်ရေဖြူကျေးရွာအနီး၌ တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ နှစ် ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲ ၃ ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၁၃ ဦးထက်မနည်းသေဆုံးကာ အရာရှိ တစ်ဦး အပါအဝင် အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ယင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တစ်ပတ်လုံးလုံး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုများကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း ပင်လယ်ကြယ်တပ်ခွဲ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ နှင့် ထားဝယ်ခရိုင်ဒရုန်း စစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *