အညာဒေသရှိ MOD PDF တပ်ရင်းများအပြင် အခြား အင်အားစုများနှင့်ပါ အကောင်းမွန်ဆုံး ဆက်ဆံ ရေးတည်ဆောက်ပြီး တော်လှန်ရေး အမြန်ပြီးမြောက်စေရန် ကြိုးစားသွားမည်
D Day News
အောက်တိုဘာ ၂၉
အညာဒေသရှိ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ PDF တပ်ရင်းများအပြင် အခြား အင် အားစုများနှင့်ပါ ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ပြီး စစ်အာဏာရှင်ကို အမြန်ဆုံးပြီးပြတ် စေရန် တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဗမာအမျိုးသားလွတ်မြောက်ရေးတပ်တော် – BPLA တာဝန်ခံ ကိုဆောင်းခ က ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှ တဆင့် ပြည်သူလူ ကို ထပ်မံအသိပေးထားခြင်းဖြစ်သည်။
အောက်တိုဘာလ ၂၇ ရက်နေ့သည် ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်ပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ဦးဆောင်မှုအောက်၌ နွေဦးတော်လှန်ရေးတပ်ဖွဲ့ဝင်များ တိုးတက်ဖြစ်ထွန်းခဲ့လာပြီးယင်း ကျေး ဇူးကို ဘယ်သောအခါမှ မေ့မည်မဟုတ်ကြောင်း၊ BPLA အနေဖြင့် မကြာမီအချိန်အတွင်းအညာ ဒေသ ၌ အခြေချကာ စစ်ဆင်ရေးများဖော်ဆောင်လာနိုင်တော့မည်ဖြစ်ကြောင်း အသိပေးထားခဲ့ပြီးနောက် NUG ၊ PDF ၊ ပကဖ ၊ ပအဖ များနှင့်ပတ်သက်၍ ဝေဖန်ချက်မျိုးစုံထွက်ပေါ်လာခဲ့ရာ အောက်တိုဘာ ၂၈ ရက်နေ့တွင် ၎င်းက အထက်ပါအတိုင်း အသိပေးခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ အညာဒေသကို အခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက်အောက်ခံ မဟုတ်တဲ့အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ BPLA က ဗမာလူမျိုးစုကိုယ်စားပြုဖို့နဲ့ ဗမာလူ ထု ရဲ့အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်းအထည်ဖော်သွားပါမယ်။ သေချာတာတခုက တော့ BPLA ဟာ NUG/MOD လက်အောက်ခံတပ်မဟုတ်ပါဘူး။ ဒါပေမယ့် ညီညွတ်ရေးကိုရှေးရှုပြီး အညာ ဒေသခံတပ်ဖွဲ့တွေအားလုံးနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက်ကြိုးစား သွားမယ် လို့ ကတိပြုပါတယ်။” ဟု BPLA တာဝန်ခံ ကိုဆောင်းခက ၎င်း၏လူမှုကွန်ယက်မှတဆင့် အသိပေး ထားသည်။
ထို့သို့ အသိပေးပြောကြားရာတွင် NUG ကာကွယ်ရေးဝန်ကြီဌာန ဦးရည်မွန်နှင့် ညီရင်းအစ်ကိုပမာ တွဲရိုက်ထားသည့် ဓာတ်ပုံဖြင့် တင်ပြထားခြင်းဖြစ်သည်။
D Day News