Magway News

0 0
Read Time:5 Minute, 11 Second

ချောက်မြို့နယ်တွင် ၄ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား အများအပြားသေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျဆုံး၊ စစ်တပ်က ပြည်သူ ၂ ဦးကိုသတ်ဖြတ်ကာ နေအိမ် အလုံး ၅၀ ကျော်မီးရှို့

 

D Day News

အောက်တိုဘာလ ၂၉

 

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် ၄ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား အများအပြားသေဆုံးကာ တော် လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး၍ စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ နေအိမ်အလုံး ၅၀ ကျော် ကို မီးရှို့ဖျက်ဆီးသွားကြောင်း Chauk Revolution Army ထံမှ သိရသည်။

 

အောက်တိုဘာလ ၂၅ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် ချောက်မြို့နယ်၊ ကုန်းကြီး- ထိန်စမ်းလမ်းမှ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ထိန်းစမ်းကျေးရွာ တောင်ဘက်အရောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများ အပြားသေဆုံးခဲ့ကြောင်း၊ ထိုသို့ အကျအဆုံးများသဖြင့် မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် လေ ကြောင်းပစ်ကူယူကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

အောက်တိုဘာလ ၂၆ နံနက်ပိုင်းတွင် ချောက်မြို့နယ်၊ ဂွေးပင်လေး၊ ဂွေးပင်ကြီးကျေးရွာ ဘက်ခြမ်းမှ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ဂွေးပင် – သရက်ပင်ကျေးရွာလမ်းကြောင်းမှ ဝင်ရောက်လာသော စစ် ကောင်စီစစ်ကြောင်းနှင့် ပူးပေါင်းကာ ညနေ ၄ နာရီအချိန်ခန့်တွင် ကတိုင်တောင်ရွာဘက်ကို ဝင် ရောက် စီးနင်းခဲ့ပြီး ည ၇ နာရီ အချိန်တွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းတွင် ချောက်မြို့နယ်၊ နရွဲတော ကျေးရွာ၏ အရှေ့ဘက်နှင့် တောင်ဘက်တို့မှ စစ်ကြောင်းများခွဲကာ နရွဲတောကျေးရွာ အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး နံနက် ၁၀ နာရီ အချိန်မှ စတင်၍ မီးရှို့ခဲ့ရာ နေအိမ် ၃၃ အိမ်မီးလောင်ပြာကျခဲ့ကြောင်း၊ ထိုသို့ မီးရှို့ နေစဥ် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ရွာ၏အနောက်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းတို့ ဝင်ရောက် တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် ရွာ၏တောင်ဘက်ခြမ်းမှ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

 

ထို့နောက် မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် ချောက်မြို့နယ်၊ ရွာမကျေးရွာဘက်သို့ထပ်မံ စစ်ကြောင်း ထိုး ဝင်ရောက်လာခဲ့ရာ ၂ နာရီဝန်းကျင်အချိန် ရွာမကျေးရွာအနီးအရောက် တော်လှန်ရေးတပ်ဖွဲ့ဝင် များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြားသေဆုံးခဲ့ပြီး ညနေ ၅ နာရီ ၃၀ မိနစ်အချိန် တွင်လေကြောင်းပစ်ကူရောက်ရှိလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာပေး လိုက်ရကြောင်း၊ ယင်းတိုက်ပွဲအတွင်း အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတ အပါအဝင် တော် လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျ ဆုံးခဲ့ပြီး စစ်တပ်က စစ်ဘေးရှောင်များ နေထိုင်ရာ ဘုန်းကြိးကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

“စခသေထိခိုက်မှုများတယ်လို့ပဲ သိရတယ်။ အတိအကျ မသိရဘူး။ ကျနော်တို့ဘက်က အာဠာဝက ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတအပါအဝင် ၃ ဦးကျဆုံးတာပါ၊ ဖမ်းခံလိုက်ရတာ မဟုတ် ပါဘူး။” ဟု Chauk Revolution Army မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့သို့ ဆုတ်ခွာပေးလိုက်ရမှုကြောင့် အကြမ်းဖက်စစ်သားများက ရွာမကျေးရွာ အတွင်း ဝင်ရောက် ခဲ့ပြီး ပြည်သူ့နေအိမ် အလုံး ၂၀ ကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ရွာမဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

 

ယမန်နေ့‌ အောက်တိုဘာလ ၂၈ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်သားများသည် ရွာမကျေး ရွာတောင်ဘက်မှ ပြန်လည်ထွက်ခွာသွားကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်း ကြောင့် ကျေးရွာပေါင်း ၂၂ ရွာမှ ပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်နေခဲ့ရကြောင်း သိရသည်။

 

အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို  Chauck Revolution Army (CRA)နှင့် သရက်ခရိုင် တပ် ရင်း ၅ ၊ ညောင်ဦး ခရိုင်တပ်ရင်း ၄ ၊ အာဠာဝက မြို့ပြပြောက်ကျား တပ်ဖွဲ့ ၊ မကွေးခရိုင် တပ် ရင်း ၁ ၊ မကွေးခရိုင် တပ် ရင်း ၂ ၊မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့၊ ချောက်ပကဖနှင့် ပခုက္ကူ ပကဖတို့ ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *