Shan State News

0 0
Read Time:2 Minute, 15 Second

သိန္နီမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ခရစ်ယာန်ဘုရားရှိခိုးကျောင်းအပါအဝင် အဆောက်အအုံများပျက်စီး

 

D Day News

အောက်တိုဘာလ ၂၈

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအပါအဝင် အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း သိရသည်။

 

ယမန်နေ့‌ အောက်တိုဘာလ ၂၇ ရက် ည ၉ နာရီအချိန်ခန့်တွင် သန္နီမြို့ကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ပေါင်ချိန်များသော ဗုံးများကြဲချတိုက်ခိုက်ခဲ့ရာ ခရစ်ယာန် ဘုရားရှိခိုး ကျောင်း အပါအဝင် ဒေသဆိုင်ရာ အများသူငှာ အဆောက်အဦ အများအပြား ပျက်စီးခဲ့သည့် အပြင် အနီးနားရှိ နေအိမ်များလည်း ထိခိုက်ပျက်စီးမှုများ အပြားခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရ သည်။

အလားတူ ယမန်နေ့ညပိုင်းက နောင်ချိုမြို့နယ်၊ သပြေရေရပ်ကွက်အပါအဝင် နေရာတချို့ကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ဗုံးများကြဲချခဲ့ရာ လူထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရသည်။

 

“မနေ့ညပိုင်း နောင်ချိုကို လေယာဉ်နဲ့ ဗုံးကျဲတာမှာ ပထမအကြိမ် ၂ လုံးကျဲတယ်။ ဒုတိယအကြိမ်က ဗုံး ၈ လုံးတွဲကျဲချတယ်။ နောင်ချို သပြေရေရပ်ကွက်မှာ ဗုံးတွေကျလို့ အသေအပျောက်ရှိတယ်။ ပျက်စီးမှုလည်းများတယ်လို့ သိရတယ်” ဟု နောင်ချိုမြို့မှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

 

၁၀၂၇ စစ်ဆင်ရေး ၁ နှစ်ပြည့်ဖြစ်သော အောက်တိုဘာလ ၂၇ ရက် နေ့တွင်အကြမ်းဖက် စစ်ကောင်စီ တပ်က လောက်ကိုင်မြို့နှင့် နမ့်ခမ်းမြို့များကို လေကြောင်းဖြင့် ဗုံးများ ကြဲချခဲ့ရာ ပြည်သူ ၄ ဦး ထိ ခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *