0
0
Read Time:1 Minute, 6 Second
ကဗျာကဏ္ဍ “ဆောင်းလ တိုက်ပွဲ”
ပျိုးကြဲလက်
ဆောင်းအဝင် ရာသီအကူးမှာလ
သောက်ရှူးကြယ် အစုံအလင်နဲ့
အာကာတခွင် နှင်းငွေမှုံဖွေးပြီပေါ့
ချမ်းအေးပေါ့ အညာမြေ ။
တကျီကျီ ပုရစ်မြူးရင်ဖြင့်
စိတ်ကူးကိုယ်စီပြိုင်လို့
လက်နက်ကိုင် ရွှေပြည်ဖျက်ကိုလ
ပေါင်းယှက်ကာ တော်လှန်ခိုက်ဟာမို့
စိုက်စိုက်ဝန်ကျေ ။
အညာဆောင်းလေ သွေသွေအနမ်းမှာဖြင့်
တမာထနောင်းမြေ အသရေနွမ်းပြီမို့
ကြမ်းသပါ့ကို ရမ်းသပါ့ဗျိုဆိုလောက်ကဲ့
သူပုန်ကို အာခံတုပါဘိ
လူထုက မေတ္တာဝေ
တောင်းဆုချွေလို့ ရင်ဆိုင်နွှဲ ။
ရွှေရင်စုံ ပူလောင်ခိုက်မှာပါ့
တိုက်ပွဲက တရာနှစ်ရာ
အောင်ပွဲမှာ ညံမစဲနဲ့
ဇွဲသန်သန် တော်လှန်လမ်းဟာဖြင့်
နန်းစိုက်ရမြဲ ။ ။
ပျိူးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် ည ၇ နာရီ ၃၄ မိနစ်
D Day News