Magway News

0 0
Read Time:3 Minute, 15 Second

အောင်လံမြို့နယ်အတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူစားသောက်နေသော စစ်ကြောင်းအား မိုင်း ဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၂၈

 

မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများကို လှည့်လည်ခိုးယူစားသောက်နေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း အောင် လံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၂၇ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်က တလုပ်ပင်အထိုင်စခန်းမှ အောင်လံမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာခွာလာသော အင်အား ၂၅ ဦးခန့် စီးနင်းလိုက်ပါလာသည့် လိုက်ထရပ်ကားတစ်စီးကို ကြူပ်၊ ကျောက်ပုံကျေးရွာနှင့် သံပုရာခုံကျေးရွာကြား အရောက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး ၁၀ ဦးကျော် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် ၁ တပ်ရင်း၊ နေပြည်တော်တပ်ရင်း ၉၀၂ ၊ နေပြည်တော် တပ်ရင်း ၈၀၄ ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အောင်လံ ပကဖ တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် အောင်လံမြို့အခြေစိုက် အမှတ် ၇၁ ခြေလျင်တပ်ရင်း၊ ကပစ ၁၅ နှင့် ရွှေပန်းတောတိုက်နယ် အထိုင်စခန်းတို့မှ ထုတ်နုတ်အင်အား ၅၂ ဦး ပါဝင်သည့် ဗိုလ် ကြီးမျိုးမြင့်လှိုင် ဦးဆောင်သော စစ်ကြောင်းဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်နေ့မှစတင်ကာ တလုတ် ပင် အထိုင်စခန်းမှတဆင့် တောတောင်လျှိုမြောင် ထူထပ်သော သို့မဟုတ် ချုံနွယ်ပိတ်ပေါင်း ထူထပ် သောလမ်းများကို အသုံးပြုကာ ကရင်မစမ်းကျေးရွာသို့ အရောက်ချီတက်ခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကရင်မစမ်းကျေးရွာတွင် တပ်ဆွဲကာ အနီးပတ်ဝန်း ကျင် နေရာများအား ရှာဖွေရှင်းလင်းခြင်း၊ လက်နက်ကြီးများဖြင့် ယမ်းသမ်းပစ်ခတ်ခြင်းတို့ လုပ် ဆောင်ခဲ့ကြောင်း၊ ထို့အပြင် ပြည်သူပိုင် ကြက်များ၊ ကြက်ဥများနှင့် မုန့်ပဲသရေဆာများအား စည်းမဲ့ ကမ်းမဲ့ ယူငင်စားသောက်သွားကြောင်း သိရသည်။

 

ထို့အတူ ပြည်သူပိုင်အိမ်များအတွင်းသို့ ဝင်ရောက်မွှေနှောက်ရှာဖွေကာ ပြည်သူများ၏ စားနပ်ရိက္ခာ များ၊ ငွေကြေးများအား ယူဆောင်ပြီး အောက်တိုဘာ ၂၆ ရက်နေ့ ညနေပိုင်းတွင် တလုတ်ပင်အထိုင် စခန်းသို့ ပြန်လည်ရောက်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *