တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲနယ်မြေအတွင်းရှိ စစ်တပ်စခန်းနှင့် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၁၇ ဦး သေဆုံး
D Day News
အောက်တိုဘာလ ၂၈
တောင်းပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲနယ်မြေအတွင်းရှိစစ်တပ်စခန်းနှင့် စစ်ကြောင်းများ ကို တိုက်ခိုက်ခဲ့ရာ ၃ ရက်တွင်း စစ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း တောင်းပိုင်းတိုင်းစစ်ဒေသထံမှ သိရ သည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၊ ညောင်လေးပင်ခရိုင် ပဲနွယ်ကုန်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ တောင်ငူခရိုင် တောင်ငူမြို့နယ် တို့တွင် အကြမ်းဖက်စစ်တပ်အထိုင်စခန်းများ နှင့်စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက စစ်ဆင်ရေးများဖော်ဆောင်ခဲ့ရာ စစ်သား ၁၇ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ သေနတ် ၁ လက်ကိုလည်း ရေတာရှည်မြို့နယ် ပကဖ အဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် KNLA တပ်ရင်း ၉ ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
D Day News