နောင်ချိုမြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် တောင်ခမ်းစခန်းတစ်ခုသာ ကျန်ရှိတော့ပြီး ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုသည် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ နွေဦးတော်လှန်ရေး အင်အးစုများ ပူးပေါင်းပါဝင်ဆင်နွှဲမှုကြောင့်ဖြစ်သည်ဟု TNLA ထုတ်ပြန်
D Day News
အောက်တိုဘာလ ၂၇
နောင်ချိုမြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် တောင်ခမ်းစခန်းတစ်ခုသာ ကျန်ရှိတော့ပြီး ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုသည် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ နွေဦးတော်လှန်ရေး အင်အးစုများ ပူးပေါင်းပါဝင်ဆင်နွှဲမှုကြောင့်ဖြစ်ကြောင်း TNLA ထုတ်ပြန်ပြောဆိုသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် PSLF/TNLA၊ MNTJP/MNDAA နှင့် ULA/AA တို့ ဦး ဆောင်စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ ( ၁၀၂၇ စစ်ဆင်ရေး)သည် ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင် တစ်နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေး တွင် မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့နှင့်အတူ နွေတော်လှန်ရေးတပ်ဖွဲ့များ တော်လှန်ရေးအင် အားစုများ ပူပေါင်းပါ၀င်ဆင်နွှဲသော စစ်ဆင်ရေးလည်းဖြစ်ကြောင်း အသိပေးထားသည်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)တွင် တအာင်းတပ်မတော်မှ စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင်လည်း လက်ကျန်မြို့ဖြစ်သည့် ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင် ခဲ့ပြီး ယခုအချိန်တွင် တောင်းခမ်းစခန်းကိုသာ တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိတော့ကြောင်း သိရ သည်။
စစ်ဆင်ရေးတစ်နှစ်တာအတွင်း ကိုယ်ကျိုးမငှဲ့ အာဏာရှင်စစ်အုပ်စုများကို ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင် တော်လှန်တိုက်ခိုက်ပြီး အသက်၊ သွေး၊ ချွေးနှင့် ကိုယ်လက်အင်္ဂါ ပေးလှူသွားခဲ့ကြသည့် PSLF/TNLA တပ်မတော်သားများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား မိမိတို့ PSLF/TNLA နှင့် မိဘပြည် သူလူထုများမှ အစဥ်အောက်မေ့ဂုဏ်ယူကာသမိုင်းမှတ်တမ်းတင်အပ်ပါကြောင်း ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲအတွင်း အာဏာရှင်စစ်ကောင်စီတပ်အား ရွပ်ရွပ်ချွံချွံ တော်လှန်ရင်း အ သက်ပေး လှူသွားခဲ့ကြသည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF တအာင်းအမျိုးသား လွတ် မြောက်ရေးတပ်တော် TNLA တပ်မတော်သားများနှင့် ပူပေါင်းတပ်ဖွဲ့ဝင်မျာအား ရည်စူး၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ် မြေတစ်နေရာတွင် ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် အလှူဒါန ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
၎င်းတို့သည် တအာင်းပြည်လွတ်မြောက်ရေး၊ မြန်မာနိုင်ငံပြည်တွင်းရှိ တိုင်းရင်း သား ပြည်သူလူထု များ အား ရက်ရက်စက်စက်သတ်ဖြတ်နေသည့် အာဏာရှင်စစ်ကောင်စီတပ် အမြစ်ပြတ်ချေမှုန်းရေး၊ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အာဏာရှင်စစ်ကောင်စီတပ်အား ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ခိုက်ရင်း အသက်ပေးလှူခဲ့ကြရသူများဖြစ်ကြောင်း PSLF/TNLA က ပြောဆိုသည်။
D Day News