ဖားကန့်အခြေစိုက် Red News Agency သတင်းထောက် ကိုတာလင်းမောင်နှင့် အလွတ်တန်းသတင်း ထောက် ကိုနောင်ရိုးတို့ ပြန်လည်လွတ်မြောက်
D Day News
အောက်တိုဘာလ ၂၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အခြေစိုက် Red News Agency သတင်းဌာန၏ သတင်းထောက် ကိုတာလင်းမောင်နှင့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ ပြန်လည်လွတ်မြောက်လာပြီဖြစ် ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တနေရာတွင် ကချင် လွတ် လပ်ရေးတပ်မတော် – KIA ဖားကန့်တိုက်နယ်တပ်ဖွဲ့ဝင်များက Red News Agency သတင်း ဌာန၏ ဖားကန့်သတင်းထောက် ကိုတာလင်းမောင်ကို ဖမ်းဆီးခဲ့ကြောင်း၊ နောက်တစ်နေ့ စက်တင် ဘာလ ၃၀ ရက်နေ့တွင်လည်း ဖားကန့်အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို KIA တပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။
“ကျနော်နဲ့ ကိုတာလင်းမောင် နေကောင်း၊ ကျန်းမာစွာနဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါပြီ။ ကူညီစောင့် ရှောက်ပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။” ဟု အလွတ်တန်းသတင်းထောက်ကိုနောင်ရိုးက ယနေ့ အောက်တိုဘာလ ၂၇ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် ၎င်း၏ လူမှုကွန်ယက်မှ အသိပေး ထားသည်။
Red News Agency သတင်းထောက် ကို တာလင်းမောင်နှင့် အလွတ်တန်းသတင်းထောက် ကိုနောင် ရိုး တို့သည် ဒေသတွင်းသတင်းမှန်များကိုရေးသားနေ သူများဖြစ်ကြောင်း၊ ထို့အပြင် Red News Agency သတင်းထောက် ကိုတာလင်းမောင်မှာ CDM ပြုလုပ်ထားသူဖြစ်ကြောင်း၊ အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးသည်လည်း စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချမှုမှ လွတ်မြောက်လာ သော နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးလွတ်မြောက်ရေးနှင့်ပတ်သက်၍ Red News Agency သတင်းဌာန အပြင် လွတ်လပ် သော မြန်မာသတင်းစာဆရာများ အစည်းအရုံး – IMJA က သတင်းထောက်များ ကာကွယ်စောင့် ရှောက်ရေးကော်မတီ (CPJ) တို့က အသီးသီးထုတ်ပြန်တောင်းဆိုခဲ့ရာ ယခုကဲ့သို့ ပြန်လည် လွတ် မြောက်လာခြင်းဖြစ်သည်။
D Day News