War Crime News

0 0
Read Time:2 Minute, 27 Second

ထီးလင်းမြို့နယ်၊ ကျားခဲရွာနေ ပြည်သူ ၅ ဦးကို အကြမ်းဖက်စစ်တပ်စစ်ကြောင်း မီးရှို ပစ်ခတ် သတ်ဖြတ်

 

D Day News

အောက်တိုဘာလ ၂၆

 

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲရွာနေ ပြည်သူ ၅ ဦးကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းက မီးရှို့ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့အောက်တိုဘာလ ၂၆ ရက် နံနက် ၄ နာရီခန့်က ထီးလင်းမြို့၊ ရွှေထီးခန်းမမှ အင်အား ၈၀ ကျော်ဖြင့် ထွက်ခွာလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ကျားခဲရွာကို ရုတ်တရက် ပစ်ခတ်ဝင်ရောက်ကာ စီးနင်းခဲ့ရာ လူလတ်ပိုင်း အမျိုးသားတစ်ဦး ပစ်ခတ်ခံရကာ သေဆုံး၍ အမျိုး သမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရွာသူရွာသားများမှာ ရုတ်တရက်ထွက်ပြေးခဲ့ရပြီး လူလတ်ပိုင်းအမျိုးသား ၄ ဦးကို ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 

ထိုသို့ ဖမ်းဆီးရရှိသည့် အမျိုးသား ၄ ဦးကို အကြမ်းဖက်စစ်သားများက အရှင်လတ်လတ်မီးရှို့ သဖြတ်ခဲ့ပြီး အမျိုးသား ၃ ဦးကို ဓားစာခံဖမ်းဆီးသွားကာ ရွာသူရွာသားအချို့လည်း ပျောက်ဆုံး နေကြောင်း သိရသည်။

“ဝင်တဲ့ဝင်စီးတဲ့အချိန်မှာပဲ အဲဒီ ၄ ဦးကို ရွာထိပ်မှာ ဖမ်းခံလိုက်ရတာ။ အဲဒီ ၄ ဦး ကို ဖမ်းသွားပြီး ရွာထဲကို ရမ်းသမ်းပစ်ခတ်ဝင်တဲ့ချိန်မှာ အမျိုးသားတစ်ဦးက ကျည်ထိမှန် ဒဏ်ရာရ တာလည်းရှိ တယ်။ အမျိုးသမီးတွေက ကျည်ထိမှန်ဒဏ်ရာရတာလည်းရှိတယ်။ ဖမ်းမိတဲ့ ၄ ဦးကိုတော့ ရွာထဲမှာ အရှင်လတ်လတ် မီးရှို့သတ်လိုက်တယ်။ မီးရှို့သတ်ဖြတ်ခံရတဲ့သူတွေက ရိုးရိုးပြည်သူတွေပါ။ အော် သံ တွေအကျယ်ကြီး အကြာကြီးကြားပြီး ကာ တိတ်သွားတာ။ လက်ရှိအဲဒီစစ်ကြောင်းက ထီးလင်း မြို့ ပေါ်ကို ရောက်သွားပြီ” ဟု YRA ထီးလင်းတပ်ဖွဲ့မှ သခင်ဇော်က ပြောကြားသည်။

 

အကြမ်းဖက်စစ်သားများ ပြည်သူ ၄ ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ပြီးနော်က ဖမ်းဆီးခံထားရ သော ဓားစာပြည်သူ အမျိုးသား ၃ ဦးနှင့်အတူ သရခါရွာဘက်မှ တဆင့် ထိးလင်းမြို့ပေါ်သို့ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် ပြန်ဝင်သွားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *