0
0
Read Time:56 Second
ကဗျာ ကဏ္ဍ “ဘိန်းရနံ့တို့ ကင်းရာမြေ”
ပျိုးကြဲလက်
အဆိပ်မှာ သကာနှောလို့
မိန်းမောတဲ့ ဆေးဝါးတွေ
ပေါများလှပေ ။
တို့ရဲ့ရွှေမြေ ဘိန်းခင်းတွေ
စိမ်းစိုဆဲ ။
ဖျက်ဖို့ဆို တောင်သူမွဲတယ်
လွှဲချလျက်ပဲ ။
ဘိန်းကုန်သည် ရှာဖွေတိုက်လို့
မိလိုက်တဲ့ သူ့သက်သေ
ပိုင်ရှင်မဲ့နေ ။
အစဉ်အလာပေ ဘိန်းခင်းတွေ
ကိုယ်ပျောက်ဆေး ။
လာဘ်ပေးကာ ဘဝဖျက်
ဓားထက်နေသေး ။
လူငယ်တွေ လမ်းမှားလိုက်လို့
လူမိုက်တွေ ပေါမယ့်အခြေ
မူးယစ်ဆေးပေ ။
ပေါင်းစုလို့လေ အမိမြေ
ထူထောင်ရေး ။
မူးယစ်ဆေး ကင်းဝေးအောင်
အဂတိရှောင် ဥာဏ်ချွန်းအုပ်လို့
တိုက်ထုတ်စို့လေး ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ည ၉ နာရီ ၂၁ မိနစ်
D Day News