Bago News

0 0
Read Time:2 Minute, 15 Second

ရေတာရှည်မြို့နယ်၊ ဒိုးတန်းရွာရှိ စစ်တပ် Jammer စခန်းကို ဝင်ရောက်ဖျက်ဆီးမှု စစ်သား ၁ ဦး သေ ဆုံးကာ စစ်တပ် Jammer များနှင့် စခန်းပျက်စီး၊ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရ

 

D Day News

အောက်တိုဘာလ ၂၅

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာတွင် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် သား ၁ ဦးသေဆုံးပြီး အကြမ်းဖက်စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ စစ်တပ်Jammer စခန်းနှင့် Jammer များကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။

 

အောက်တိုဘာလ ၂၄ ရက် ည ၁၂ နာရီ ၃၀ မိနစ်အချိန် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ဒိုးတန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ် Jammer များတပ်ဆင် ထားရာ နေရာနှင့် Jammer များကို တော်လှန်ရေးအင်အားစုမှ ဝင်ရောက်ဖျက်ဆီးရန်သွားရောက် ခဲ့ရာ စစ်ကောင်စီ၏ ကာကင်း ရှေ့ပွိုင့်နှင့် ထိပ်တိုက်တိုးပြီး ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ယင်း အပြန်အလှန် ပစ်ခတ်တိုက်ပွဲအတွင်း စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကာ အကြမ်း ဖက်စစ် သားများမှာ ဒိုးတန်းရွာလယ်ပိုင်းမှတဆင့် ဘုန်းကြီးကျောင်းဘက်သို့ ဆုတ်ခွာသွားကြောင်း သိရ သည်။

ထိုသို့ အကြမ်းဖက်စစ်သားများ ဆုတ်ခွာသွားသဖြင့် ည ၁၂ နာရီ ၅၅ မိနစ်အချိန်တွင် အကြမ်းဖက် စစ်သာများ၏ Jammer များနှင့် စခန်းကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးခေါင်းထိမှန်သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *