Bago News

0 0
Read Time:1 Minute, 51 Second

သဲကုန်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူ ပျူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

အောက်တိုဘာလ ၂၅

 

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ် ပေးနေသူ ပျူ တစ်ဦး ပစ် ခတ်ခံရပြီး သေဆုံးသွားကြောင်း သဲကုန်းမြို့နယ် ပကဖအဖွဲ့ထံမှ သိရသည်။

 

အောက်တိုဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာမှ ပျူ အဖွဲ့ဝင် ဇော်မင်း ဆိုသူကို သဲကုန်းမြို့နယ် ပကဖ ရဲဘော်များက နွယ်‌ကောက်ရွာ အရှေ့ဘက်ချောင်း ကူး တံတားအနီး၌ ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော ဇော်မင်း ဆိုသူသည် တပ်မ ၆၆ (အင်းမ) တွင် ပြုလုပ်ခဲ့သော ပျူသင်တန်းကို တက်ရောက်ထားကာ သင်တန်းဆင်းပြီးနောက်တွင် ဒေသပြည်သူများ၏ သတင်းအချက်အလက် များ၊ တော်လှန်ရေးနှင့် ပတ်သက်သူများ၏ သတင်းများကို အကြမ်းဖက်စစ်သား၊ ရဲများထံ အမြဲ မပြတ် ပေးပို့နေသူဖြစ်သည့်အပြင် အတင်းအဓမ္မစစ်သားစုဆောင်းရာတွင် တက်ကြွစွာလုပ်နေ ဆောင်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

 

သဲကုန်းမြို့နယ် ပကဖ အ‌နေဖြင့် ပြည်သူများကို ဒုက္ခပေးနေသော စစ်သား၊ ရဲ ၊ ပျူများနှင့် အုပ် ချုပ်ရေးမှူးများကို အမြဲစောင့်ကြည့်နေမည်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးများနှင့် ပျူများအနေဖြင့် မတရားစစ်မှုထမ်းစုဆောင်းခြင်း၊ ငွေကောက်ခံခြင်းတို့ကို လုံးဝ (လုံးဝ) မလုပ်ကြပါရန် အသိပေး ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *