တမူးမြို့နယ်၊ နမွန်းတားကျေးရွာအနီး၌ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်တပ် လက်အောက်ခံ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကာ သေနတ် တစ်လက် သိမ်းဆည်းရရှိ
D Day News
အောက်တိုဘာလ ၂၄
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နမွန်းတားကျေးရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ် တပ် လက်အောက်ခံ ကသည်းလက်နက်ကိုင် တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကြောင်းတမူးခရိုင် အမှတ် ၄ တပ်ရင်းထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၂၃ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် တမူးမြို့နယ်၊ ပန်းသာပျူ စောထီး ကျေးရွာအထိုင်းစခန်းမှ အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၅၀ ခန့်သည် တမူးခရိုင် အမှတ် ၄ တပ်ရင်းမှ ရဲဘော် ၆ ဦး ကာကင်းယူထားသည့် စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး တပ်စိပ်မှူးတစ်ဦးအပါအဝင် ၃ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
“နံနက်မိုးလင်းပိုင်းလောက်မှာ ရင်း ၄ ပွိုင့်ကို ဝင်စီးသွားတာ၊ ညကတည်းက တက်လာပြီး ကင်းတဲ နားကပ်နေတာထင်တယ်။ မိုးလင်းပိုင်းကျမှ ရုတ်တရက်ကြီး ကပ်လာပြီး ထိုးပစ်တာ။ ရုတ်တရက် ကြီး ဆိုတော့ ရဲဘော်တွေက ကြောင်သွားပြီး ရဲဘော်တစ်ယောက်က ကိုယ်လွတ်ရုန်းထွက်ပြေး နိုင်ခဲ့ တယ်။ ရဲဘော်တစ်ယောက် ဒဏ်ရာရတယ်။ အဲဒီအချိန်မှာ ဒဏ်ရာရတဲ့ ရဲဘော်တွေကို စိတ်မှူးက ပြန်ပို့တဲ့အချိန်မှာ ရဲဘော်လေး ၂ ယောက်က ကာပစ်ပစ်ပေးရင်း ကျန်ခဲ့တာ၊ ကျန်ခဲ့တဲ့ ရဲဘော် ၂ ယောက်ကို စိတ်မှူးက ပြန်သွားခေါ်တဲ့အချိန်မှာ စိတ်မှူးပါ ကျသွားတာ။” ဟု တမူးခရိုင် အမှတ် ၄ တပ်ရင်းမှ တပ်ရေးဗိုလ်အောင်ပြည့်ဖြိုး က ပြောကြားသည်။
ထိုသို့ ထိုးစစ်ဆင်ဝင်ရောက်လာပြီး ကာကင်စခန်းကို သိမ်းပိုက်ခဲ့သည့် အကြမ်းဖက်စစ်သားများအား နံနက် ၁၀ နာရီခန့်တွင် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ က ထွက်ပြေးသွားပြီး ကျဆုံးသွားသော ရဲဘော် ၃ ဦး၏ ရုပ်အလောင်းကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ အောက်တိုဘာလ ၂၃ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် တမူးမြို့နယ်၊ ပန်း သာရွာ ပျူစော ထီးစခန်းမှ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ကသည်းလက်နက်ကိုင်အဖွဲ့ဝင် ၁၀ ဦးသည် နမွန်းတား ကျေးရွာဘက်သို့ ဆိုင်ကယ် ၅ စီးဖြင့် တက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ နေရာယူထားရာ ဂိတ်အနီးအရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးပြီး AK 47 သေနတ် တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“နမွန်းတားရွာကို သိမ်းလိုက်ပြီထင်ပြီးတော့ ကသည်းအဖွဲ့တွေက ဆိုင်ကယ် ၅ စီးနဲ့ ထိုးဝင်လာတာ၊ ဆိုင်ကယ် ၂ စီးကတော့ ဂိတ်နားလေးကို ကပ်လာတာပေါ့။ ကပ်လာတဲ့သူတွေကို ကျနော်တို့ PDF အဖွဲ့တွေက ပစ်ခတ်တဲ့အချိန်မှာ အဲဒီ ၄ ယောက်က ကျတယ်။ ကျန်တဲ့ဆိုင်ကယ် ၃ စီးနဲ့ ၆ ယောက် ကျတော့ ဆိုင်ကယ်ထားပြီး လူလွတ်ပြေးကြတာ။ ရရှား AK 47 တစ်လက် သိမ်းဆည်းရရှိခဲ့တယ်” ဟု တမူးခရိုင် အမှတ် ၄ တပ်ရင်းမှ တပ်ရေးဗိုလ် အောင်ပြည့်ဖြိုး က ပြောဆိုသည်။
အကြမ်းဖက်စစ်သား၊ ပျူစောထီးများနှင့် ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ပူးပေါင်းထားသည့် အကြမ်းဖက်စစ်ကြောင်းသည် နမွန်းတားကျေးရွာကို ဆက်လက် ထိုးစစ်ဆင်ရန် ပြင်ဆင်လျက်ရှိပြီး ရေကြောင်းမှလည်း စစ်ကြောင်းထိုးကာ အင်အားဖြည့်တင်းလျက်ရှိကြောင်း သိရသည်။
D Day News