ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံး ကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးပျက်စီး
D Day News
အောက်တိုဘာလ ၂၄
ကရင်ပြည်နယ်၊ ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်အတွင်း၌ အကြမ်းဖက်စစ် ကောင်စီတပ်က လက်နက်ကြီး ၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
အောက်တိုဘာလ ၂၀ ရက် နံနက် ၉ နာရီအချိန်တွင် ကေအဲန်ယူ-ဆောထိမြို့နယ်၊ ကွင်းဆိပ်ကျေးရွာ အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၄၄၀ တပ်ရင်း မှ ၈၁ မမ ဗုံးသီး ၁ လုံးပစ်ခတ်ခဲ့ရာ အသက် ၃၃ နှစ်အရွယ် ကိုချစ်ကိုဝိုင်း၊ အသက် ၁၀ နှစ်အရွယ် မောင်သီထိုက်ပိုင်နှင့် အသက် ၁ နှစ် နှင့် ၈ လအရွယ် မဆန်ရတီမေ တို့ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ်၊ကျောက်တံခါး ကျေးရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်သားများက သမင်အင်းကုန်းကျေးရွာအတွင်းသို့ ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် အောက်တိုဘာလ ၁၈ ရက်နေ့ နေ့လည် ၂ နာရီအချိန်ကလည်း စစ်ကောင်စီတပ်မှ ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျောက်တံခါး၊ ခိုလိုကျေးရွာနှင့် ညောင်ကုန်းကျေးရွာအကြားတွင် ကျ ရောက်ပေါက်ကွဲခဲ့ကြောင်း၊ တစ်ချိန်ထဲမှာပင် ညနေ ၃ နာရီအချိန်တွင် ဒရုန်းဖြင့်ထပ်မံဗုံးကျဲတိုက် ခိုက်ခဲ့ရာ ဒေါင်းမို့ကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် ခလရ ၂၆၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၇ လုံးပစ်ခတ်ခဲ့ရာ ဝမ်ချဲကျေးရွာ၊ ဂွေးကုန်းကျေးရွာနှင့်သရက်ပင်မောင်နှမ ကျေး ရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
D Day News